မိခင်ဖြစ်သူနေမကောင်းလို့ အနီးကပ်ပြုစုနေရတဲ့အပြင် သူကိုယ်တိုင်ရောဂါဝေဒနာကို ခံစားနေရတဲ့အကြောင်း ရင်ဖွင့်လာတဲ့ကျော်ကျော်နန္ဒ

//s9.kh1.co/75/756d05cbb968c86480a183a651a31e298d059643.jpeg
အနုပညာရှင်များ

 ၀၃-လိုင်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

၅၀၅ က ဖြင့် အမှုပြန်လည်ရုတ်သိမ်းခံလိုက်ရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ကျော်ကျော်နန္ဒကတော့ ရှောင်တိမ်းနေရာကနေ မိသားစုတွေဆီ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်..။

ကျော်ကျော်နန္ဒဟာ လတ်တလောမှာ နေမကောင်းတဲ့ မိခင်ဖြစ်သူအနားမှာ အနီးကပ်ပြုစုစောင့်ရှောက်နေတဲ့ အပြင် သူကိုယ်တိုင်လည်း ရောဂါဝေဒနာကို ခံစားနေရတယ်လို့ ပြောပြလာပါတယ်..။

Photo Credit - Kyaw Kyaw Nanda's Fb Acc
Photo Credit - Kyaw Kyaw Nanda's Fb Acc

မိခင်ဖြစ်သူဟာ အစာအိမ်ရောဂါခံစားနေရပြီး သူ့မှာလည်း သည်းခြေအိတ်နံရံထူနေတဲ့အတွက် သားအမိနှစ်ယောက်လုံး ကျန်းမာရေးမကောင်းဖြစ်နေကြတာပါ..။

သူတို့သားအမိနှစ်ယောက်ရဲ့ လက်ရှိအခြေအနေတွေကို စိတ်မကောင်းစွာ ပြောပြရင်း ပရိသတ်တွေအားလုံး ကျန်းမာရေးဂရုစိုက်ကြဖို့ကိုလည်း ကျော်ကျော်နန္ဒက ပြောပြထားပါသေးတယ်..။

Photo Credit - Kyaw Kyaw Nanda's Fb Acc
Photo Credit - Kyaw Kyaw Nanda's Fb Acc
Photo Credit - Kyaw Kyaw Nanda's Fb Acc
Photo Credit - Kyaw Kyaw Nanda's Fb Acc

"အမေကအစာအိမ် ကိုယ်ကသည်းခြေအိတ်နံရံထူ မဆိုးပါဘူး

ကျန်းမာရေးဂရုစိုက်ကြပါနော်.." ဆိုပြီး သတိပေးစကားလေးဆိုရင်း ကျော်ကျော်နန္ဒက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

ကျန်းမာရေးမကောင်းဖြစ်နေကြတဲ့ ကျော်ကျော်နန္ဒတို့ သားအမိနှစ်ယောက်လုံး အမြန်ဆုံး နေကောင်းကျန်းမာလာစေဖို့ ပရိသတ်တွေကလည်း ဆုတောင်းအားပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Kyaw Kyaw Nanda's Fb Acc
Photo Credit - Kyaw Kyaw Nanda's Fb Acc

သတင်း အရင်းအမြစ်Kyaw Kyaw Nanda's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T