နောက်ဆုံးစကားပြောခဲ့ဖူးတဲ့ အမှတ်တရတွေနဲ့အတူရေမွန်ဆီက ခွင့်တောင်းပြီး Cover ပြန်လည်သီဆိုထားတဲ့ အုပ်စိုးခန့်ရဲ့ သီချင်းဗီဒီယို

//s9.kh1.co/01/017720bc6a184ba8ade69d3deeea6873b20ee76c.jpeg
အနုပညာရှင်များ

 ၀၃-လိုင်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

Idiots အဖွဲ့ရဲ့ပင်တိုင်အဆိုတော် ရေမွန်ကတော့ အစာအိမ်သွေးကြောပေါက်ပြီး ဆုံးပါးကွယ်လွန်ကာ အားလုံးကို ရုတ်တရက်ခွဲခွာသွားခဲ့တာကြောင့် မိသားစုတွေနဲ့ ပရိသတ်တွေက ယူကြုံးမရဖြစ်ခဲ့ရပါတယ်..။

အရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရပေမယ့် သူ့ရဲ့သီချင်းတွေနဲ့ အနုပညာတွေကတော့ ပရိသတ်တွေရင်ထဲ ထင်ကျန်ခဲ့ရသလို လူငယ်အဆိုတော်ဖြစ်တဲ့ အုပ်စိုးခန့်ကလည်း ရေမွန်ရဲ့ သီချင်းလေးတစ်ပုဒ်ကို Cover Song ပြန်လည်သီဆိုခဲ့ပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit - Oak Soe Khant's Fb Acc
Photo Credit - Oak Soe Khant's Fb Acc

ယနေ့အချိန်ထိ လူငယ်ပရိသတ်တွေကြား ရေပန်းစားလွန်းတဲ့ ရေမွန်ရဲ့ "ဝမ်းနည်းတတ်တဲ့ချစ်သူ" သီချင်းလေးကို ရေမွန်ဆီက ခွင့်တောင်းပြီး အုပ်စိုးခန့်က Cover Song ပြန်လည်သီဆိုထားတာ ဖြစ်ပါတယ်..။ 

ငယ်ငယ်လေးကတည်းက ရေမွန်ရဲ့သီချင်းတွေကို အားပေးလာခဲ့ပြီး အရမ်းကြိုက်လွန်းတဲ့အတွက် Cover ပြန်ဆိုချင်ပေမယ့် Legend ကြီးမို့ ပြန်ဆိုရမှာ ကြောက်ခဲ့တဲ့အကြောင်းတွေအပြင် သူတို့နှစ်ယောက်စကားပြောခဲ့ကြတဲ့ အမှတ်တရတွေကိုလည်း အုပ်စိုးခန့်က စိတ်မကောင်းစွာနဲ့ ပြောပြလာပါတယ်..။

Photo Credit - Oak Soe Khant's Fb Acc
Photo Credit - Oak Soe Khant's Fb Acc
Photo Credit - Oak Soe Khant's Fb Acc
Photo Credit - Oak Soe Khant's Fb Acc
Photo Credit - Oak Soe Khant's Fb Acc
Photo Credit - Oak Soe Khant's Fb Acc

သူ့ကြောင့်သီချင်းပျက်သွားမှာကြောက်ပြီး မဝံ့မရဲဖြစ်နေတဲ့ အုပ်စိုးခန့်ကို အားပေးရင်း Cover Song  ပြန်ဆိုဖို့ခွင့်ပြုခဲ့တဲ့ အမှတ်တရစကားလေးတွေမှာလည်း ရေမွန်ရဲ့ စိတ်သဘောထားကောင်းတွေကို အတိုင်းသားမြင်တွေ့ကြရမှာပါနော်..။

အုပ်စိုးခန့်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ "ကျနော်ရင်ထဲမှာ ကိုRaymondဆိုတာဘယ်တော့မှမသေဘူး…. 

I hope you can see this video in heaven အကို ??.." ဆိုပြီး အမှတ်တရတွေနဲ့အတူ Cover Song သီချင်းလေးကို ဝေမျှထားတာ ဖြစ်ပါတယ်..။

​အကြွေစောလွန်းတဲ့ ရေမွန်ရဲ့သီချင်းကောင်းလေးကို ခံစားချက်တွေအပြည့်နဲ့ သီဆိုထားတဲ့ အုပ်စိုးခန့်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အားပေးနှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ရင်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Oak Soe Khant's Fb Acc
Photo Credit - Oak Soe Khant's Fb Acc
Photo Credit - Oak Soe Khant's Fb Acc
Photo Credit - Oak Soe Khant's Fb Acc

သတင်း အရင်းအမြစ်Oak Soe Khant's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T