တောထဲမှာ အကောင်ပေါင်းစုံအကိုက်ခံထားရတာကြောင့် ခြေထောက်တစ်ခုလုံး ကြည့်ရက်စရာမရှိလောက်အောင် အနာတွေပေါက်နေတဲ့ ပိုးလေး

//s9.kh1.co/4e/4e5f9758f9c62a51a95162101bddb6b308b775c6.jpeg
အနုပညာရှင်များ

 ០៣-កក្កដា-២០២១ ៤ល្ងាច · ៥ ឆ្នាំមុន

.

ဟာသ လူရွှင်တော် ပိုးလေးကတော့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ပြီးလက်ရှိအချိန်မှာတော့ တောထဲတွင် စစ်သင်တန်းတက်ရောက်နေတာ ဖြစ်ပါတယ်။ အမှန်တရားဘက်ကနေရပ်တည်ပေးခဲ့တဲ့ ပိုးလေးကတော့ လွတ်မြောက်နယ်မြေရောက်ရှိနေစဉ်အတွင်း သူ့ရဲ့ နေထိုင်လှုပ်ရှားမှုတွေကိုပြည်သူတွေကို မကြာခဏ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ တောထဲမှာ အနေအထိုင်ဆင်းရဲပေမယ့်လည်း မညည်းမညူဘဲ အဆင်ပြေအောင် နေထိုင်ကြတဲ့ ရဲဘော်တွေအားလုံးက လေးစားဂုဏ်ယူစရာကောင်းလှပါတယ်။

Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပိုးလေးရဲ့ Facebook Story မှာ ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ဒါကတော့ တောထဲမှာ အကောင်ပေါင်းစုံအကိုက်ခံထားရတာကြောင့် အနာများစွာ ဖြစ်နေတဲ့ သူရဲ့ခြေထောက်လေးကို " တောထဲရောက် အမှတ်တရ " ဆိုတဲ့ စာသားလေးနဲ့ ဝေမျှထားတာ ဖြစ်ပါတယ်။ ဆေးပစ္စည်းအစုံအလင်မရှိတာကြောင့်  ဒီလိုခက်ခဲဆင်းရဲမှုတွေကို ရင်ဆိုင်ဖြတ်သန်းနေရတာကို မြင်တွေ့ သည်မှာ စိတ်မကောင်းစရာကောင်းလှပါတယ်။ 

Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 

လွတ်မြောက်နယ်မြေသို့ ရောက်နေကြတဲ့ ရဲဘော်တွေကလည်း တော်လှန်ရေးတိုက်ပွဲတွေအတွက် ကြိုးစားနေကြသလို ပြည်မနဲ့ တောင်ပေါ်ဒေသများမှာ နေထိုင်နေကြတဲ့ ပြည်သူတွေကလည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးနေကြတာလည်း ဖြစ်ပါတယ်။ ပြည်သူတွေအတွက် တောထဲတောင်ထဲမှာ ဒုက္ခတွေခါးစည်းခံနေရတဲ့ ရဲဘော်တွေလည်း ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ အမြဲလိုလို ဆုတောင်းမေတ္တာပို့သပေးနေကြတာဖြစ်ပါတယ်။ လူရွှင်တော်ပိုးလေးတစ်ယောက် ခံစားနေရတဲ့ အနာရောဂါတွေ အမြန်ဆုံးပျောက်ကင်းပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Ko Ko Poe Lay’s Facebook Account 

Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T