စွန့်ပစ်ခံ ရက်သားကလေးငယ်ကို မေတ္တာနဲ့ခေါ်ယူစောင့်ရှောက်ပြီး တယုတယထားကာ ဂရုစိုက်လွန်းတဲ့ မေမေခိုင်နှင်းဝေရဲ့မေတ္တာ

//s9.kh1.co/ce/ce829940889e3bb62634e6b8c137eb2ab0de234f.png
အနုပညာရှင်များ

 ၁၁-ဇွန်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

..

မတစ်ထောင်သားသမီးတွေကိုမေတ္တာထားပြီးထိန်းကျောင်းရတာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ မလွယ်တဲ့အလုပ်ကိုမှ စေတနာထားပြီးလုပ်တဲ့ မေမေခိုင်နှင်းဝေဟာ လေးစားအတုယူစရာ အမျိုးသမီးတစ်ယောက်ပါ။ ကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီးမမွေးထားရပေမယ့် ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့မိခင်တစ်ယောက်လို အသေးစိတ်ဂရုစိုက်ပြီး လိုလေသေးမရှိအောင် ဖြည့်ဆည်းပြီး ချစ်တတ်လွန်းသူပါ။ ရင်ခွင်မဲ့နေတဲ့ ကလေးငယ်လေးတွေကို မိခင်တစ်ယောက်ရဲ့မေတ္တာစိတ်နဲ့ နွေးထွေးပေးပြီး အေးချမ်းလုံခြုံတဲ့ သူမရဲ့အရိပ်အမြုံလေးမှာ ခေါ်ယူစောင့်ရှောက်ပေးခဲ့သူပါ။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ဖြူးမြို့မှာစွန့်ပစ်ခံထားရတဲ့ ငါးရက်သားကလေးငယ်လေးကို ခေါ်ယူစောင့်ရှောက်ခဲ့ပြီး ကလေးရဲ့ကျန်းမာရေးကိစ္စတွေကိုလည်း တာဝန်ယူပေးခဲ့ပါတယ်။ ခိုင်မိသားစုထဲရောက်လာတဲ့သားသမီးတိုင်းကို ခိုင်ပါတဲ့ချစ်စရာနာမည်လေးတွေပေးတတ်ပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တိုးတက်ကောင်းမွန်လာအောင် ပြုစုတတ်သူပါ။ ဂေဟာမှာရှိတဲ့ကလေးတွေဟာ မေမေခိုင်နှင်းဝေကိုသိပ်ချစ်ကြပြီး မေမေ့ရဲ့မေတ္တာကြောင့် အစွမ်းကုန်ပွင့်လန်းလာတော့မယ့် ပန်းကလေးတွေအဖြစ်နဲ့ ပျော်ရွှင်နေကြရပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

ကလေးတိုင်းကို ကျောသားရင်သားမခွဲခြားဘဲစောင့်ရှောက်ပေးသလို နောက်ထပ်ကလေးတွေ အများကြီးကို ကယ်တင်နိုင်ဖို့ ဒီထက်ပိုကြီးတဲ့ ဂေဟာကြီးတစ်ခုကိုလည်း ဆောက်လုပ်နေခဲ့ပါတယ်။ ဖြူးမြို့ကခေါ်ယူစောင့်ရှောက်လိုက်တဲ့ သားလေးရဲ့အနှီးထုပ်ထဲက ချစ်စဖွယ်ပုံရိပ်လေးကို " ချစ်စရာ စိန်ကတုံးလေး❤️❤️... " ဆိုပြီး သူမရဲ့လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ မေတ္တာနဲ့ကြည့်ရင် အရာရာဟာလှပလွန်းပါတယ်။ မေမေခိုင်နှင်းဝေဟာ ကူကယ်ရာမဲ့နေတဲ့ ကလေးငယ်လေးတွေရဲ့ ဘဝတွေကို တတ်နိုင်သလောက်ကယ်တင်ရင်း သူမဘဝရဲ့ အရေးပါတဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချနေခဲ့ပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သတင်း အရင်းအမြစ်Khine Hnin Wai's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T