မနေ့က လေယာဉ်ပျက်ကျမှုမှာ ပြည်သူတွေ အရမ်းသိချင်နေတဲ့ကိစ္စကို ပြက်လုံးထုတ်ပြီး အားရပါးရပြောချလိုက်တဲ့ ဟားငါးကောင်အဖွဲ့ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/1a/1a1dc9e07a748e5bddc9216e63fe221d2eb188ea.jpg
အနုပညာရှင်များ

 ၁၁-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

မနေ့က လေယာဉ်ပျက်ကျမှုမှာ ပြည်သူတွေ အရမ်းသိချင်နေတဲ့ကိစ္စကို ပြက်လုံးထုတ်ပြီး အားရပါးရပြောချလိုက်တဲ့ ဟားငါးကောင်အဖွဲ့ရဲ့ဗီဒီယိုဖိုင်

ဟားငါးကောင် လူရွှင်တော်အဖွဲ့ကတော့ တောထဲတောင်ထဲကို ရောက်ရှိနေပေမယ့်လည်း ပြည်သူတွေနဲ့ အဆက်အသွယ်မပြတ်ရှိနေဆဲ ဖြစ်ပါတယ် ။ သူတို့အဖွဲ့က တောထဲမှာ စစ်ပညာသင်ယူရင်းနဲ့ ဗီဒီယိုလေးတွေရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် မျှဝေပေးနေတာပဲ ဖြစ်ပါတယ် ။ ပြည်သူတွေကတော့ စွန့်လွှတ်အနစ်နာခံစိတ် အပြည့်ရှိကြတဲ့ သူတို့အဖွဲ့ကို ဆက်လက်အားပေးနေကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc

ဟားငါးကောင်အဖွဲ့က တောထဲမှာ နေရေးထိုင်ရေး အဆင်မပြေပေမယ့်လည်း လုံးဝအားမလျှော့ဘဲ ဒုက္ခတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့အဖွဲ့က ပြည်သူတွေ အားတက်စေဖို့အတွက် ဟာသဗီဒီယိုလေးတွေကို ရိုက်ကူးတင်ဆက်ပေးနေဆဲ ဖြစ်ပါတယ် ။ အခုလည်း ဟားငါးကောင်အဖွဲ့က လူစုံတက်စုံနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc

ဟားငါးကောင်အဖွဲ့ကတော့ မနေ့ကဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပြည်သူတွေ အရမ်းသိချင်နေတဲ့အကြောင်းကို ပြောထားတာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ လူရွှင်တော်ဝိုင်းကျော်က တစ်ယောက်တည်း အားရပါးရပြောချလိုက်ပြီးမှ "ဘာသဘောနဲ့မေးတာလဲ" ဆိုပြီး မေးခွန်းပြန်ထုတ်လိုက်တာလည်း တွေ့ရပါတယ်။ ပရိသတ်တွေကတော့ ဟားငါးကောင်အဖွဲ့ရဲ့ပြက်လုံးတွေကို သဘောကျနေကြတာပဲ ဖြစ်ပါတယ် ။

Source & Video Credit-Taingkyaw's FB Acc

Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T