သရုပ်ဆောင် ခင်သဇင်ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူအမှန်တရားဘက်ကနေ ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ နေ့စဉ်လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ရုံသာမကဘဲ ကျဆုံးသွားသော သူရဲကောင်းတွေအတွက် တတ်နိုင်သလောက် လှူဒါန်းခဲ့သူလည်း ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ ခင်သဇင်ကိုတော့ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။



ဘယ်လိုအခြေအနေပဲ ရောက်နေပါပစေ ခင်သဇင်ကတော့ သူမတတ်နိုင်တဲ့ဘက်ကနေ လိုအပ်တဲ့ နေရာတိုင်းကိုကူညီလှူဒါန်းပေးနေတာကို ကြည်နူးဖွင် မြင်တွေ့ကြရမှာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခင်သဇင်ရဲ့လူမှုကွန်ယက်တွင် မနေ့ညက ထူးဆန်းတဲ့ အိမ်မက်တစ်ခုအကြောင်း ပရိသတ်တွေကို ပြောပြလာတာ ဖြစ်ပါတယ်။ ဒီအိမ်မက်ရဲ့ အဓိပ္ပာယ်ကို နားမလည်တဲ့အတွက် အခုလိုရေးသားပြီး မေးမြန်းထားတာ ဖြစ်ပါတယ်။


" မနေ့ညက အိပ်မက်ထဲ ကြောင်ပျံ အမဲကြီး
အိပ်မက် မက်တယ်..
အိမ်သားတွေကိုတော့
ရန်ရှာပြီး ကိုက်တယ်
ကိုယ်နဲ့တော့ သူက စကားပြောတယ်..
သူ့မိသားစုဆီ ပြန်ချင်တယ်တဲ့...
စိတ်ထဲ တစ်မျိုးထူးဆန်းလို့ မေးကြည့်တာပါ
အဲဒါ ဘာအဓိပ္ပာယ်လဲဟင် ..." ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ထိုအိမ်မက်ရဲ့အဓိပ္ပာယ်တွေကို သူတို့သိသလောက် comment တွင် ရေးသား ပြောပြထားကြတာ ဖြစ်ပါတယ်။ ခင်သဇင်ကလည်းအမလေး အစုံပါပဲနော် comment လိုက်ကြတာကြောက်လည်းကြောက် ရယ်လည်း ရယ်ရတယ် အကြံပေးတာတွေက ဘာပဲ ဖြစ်ဖြစ် ဒီ နေ့ သတ်သတ်လွတ်နေ့ ဆိုတော့အတော်ပါပဲကုသိုလ် ကောင်းမှု များများပိုလုပ်ပေးလိုက်ပါမယ်အကြံပေးသူများ အားလုံးကို ကျေးဇူးတင်ပါတယ်နော် ❤️❤️??????" ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ဒီသတင်းကိုအားလုံးလည်း သိရှိနိုင်စေရန်အတွက် တင်ဆက်ပေးလိုက်ရပါတယ်။
Source and Photo Crd-Khin Thazin’s Facebook Account

