အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်လျက်ရှိနေတဲ့ ဝါရင့်အနုပညာရှင်ဝါဝါအောင်ကတော့ ရုပ်ရှင်ဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ခင်ပွန်းဖြစ်သူအောင်ခိုင်နဲ့အတူ အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားခဲ့တာပဲဖြစ်ပါတယ်။ ဝါဝါအောင်တို့ဇနီးမောင်နှံကတော့ အနုပညာအလုပ်တွေကို စိတ်တူကိုယ်တူနဲ့လုပ်ကိုင်နေကြသလို အလှူအတန်းတွေမှာလည်း တက်ညီလက်ညီနဲ့ပါဝင်လှူဒါန်းလေ့ရှိကြပါတယ်။


ဘာသာရေးကိုင်းရှိုင်းပြီး ကောင်းမှုကုသိုလ်တွေမကြာခဏပြုလုပ်လေ့ရှိတဲ့ သူမကတော့ အလှူအတန်းတွေမှာလည်း တတ်နိုင်သလောက်ပါဝင်လှူဒါန်းလေ့ရှိတဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ ယခုမှာတော့ ဝါဝါအောင်တို့မိသားစုဟာ ဖွယ်ဖွယ်ရာရာလေးတွေချက်ပြီး ဓမ္မရိပ်ငြိမ်ဆရာတော်ကို နေ့ဆွမ်းကပ်လှူကာ ကောင်းမှုကုသိုလ်တွေပြုလုပ်နေခဲ့ပါတယ်။ ဝါဝါအောင်ကတော့ မိသားစုစုံလင်စွာနဲ့ အလှူအတန်းတွေပြုလုပ်နေခဲ့တာပဲဖြစ်ပါတယ်။



သူမကတော့ " အရှေ့ဒဂုံမြို့နယ် ဓမ္မရိပ်ငြိမ်ဆရာတော်ကို မိသားစုနေ့ဆွမ်းကပ်လှူတာပါ ရှင့် 10.6.2021 "ဆိုပြီး ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ ပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ အလှူအတန်းပြုလုပ်နေတဲ့ သူမတို့မိသားစုရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး သာဓုခေါ်နေကြပါတယ်။ နေ့ဆွမ်းကပ်လှူပြီး ကောင်းမှုကုသိုလ်တွေပြုလုပ်နေခဲ့တဲ့ ဝါဝါအောင်တို့မိသားစုရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source: wah wah aung ' s facebook acc

