တစ်ချို့ယုတ်မာမှုတွေအတွက် တူညီတဲ့တန်ပြန်အပြစ်ဒဏ်သာ ပေးသင့်ကြောင့် မချိတင်ကဲ ပြောပြလာတဲ့ အိစိကွေး

//s9.kh1.co/4a/4a16429e0608a6bee2f6f36d03f70610197a2ad5.png
အနုပညာရှင်များ

 ၁၀-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ဥပဒေရဲ့အထက်မှာ မည်သူမှမရှိစေရဆိုတဲ့စကားဟာ တကယ့်လက်တွေ့မှာတော့ မှားယွင်းတာမျိုးတွေရှိနေခဲ့ပါတယ်။ မျက်နှာကြီးရာ ဟင်းဖတ်ပါ၊ ငွေများတရားနိုင်ဆိုတဲ့ စကားတွေဟာ အမှန်တရားသာရှိပြီး ဘာကျောထောက်နောက်ခံမှမရှိတဲ့သူတွေအတွက်တော့ ရင်နာစရာပါပဲ။ ဒီလိုခက်ခဲတဲ့လူတွေအတွက် အိစိကွေးက သူတတ်နိုင်တဲ့ဖက်ကနေ speak out လုပ်ပေးခဲ့ပါတယ်။ ကိုယ်တိုင်ကမှန်နေပေမယ့်လည်း တစ်ဖက်ကအပြစ်ကျူးလွန်သူဟာ ငွေကြေးချမ်းသာတဲ့အသိုင်းအဝိုင်း ဖြစ်နေခဲ့ရင် ကိုယ့်ရဲ့အမှန်တရားဟာပျောက်ကွယ်သွားပြီး မတရားမှုကိုသာ ပိုင်ဆိုင်လိုက်ရတဲ့လူတွေ ထုနဲ့ဒေးပါပဲ။

Photo Credit - Eisi Kway's FB Acc
Photo Credit - Eisi Kway's FB Acc

ဒီလိုခံစားခဲ့ရတဲ့ဘဝတွေအတွက် " သတင်းတစ်ချို့တွေဖတ်ပြီး အမှုကိစ္စတွေမှာ ငွေများတရားနိင် မဖြစ်စေချင်တော့ဘူး အမှန်တရားကိုပဲ နိင်စေချင်တယ် တစ်ချို့ ယုတ်မာမှုတွေအတွက် Eye for an Eye သာ ဖြစ်လိုက်စေချင်တော့တယ် ဟူး " ဆိုပြီး အိစိကွေးက ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့ပါတယ်။ ကိုဒဥပဒေမှာ ကိုယ်ဆုံးရှုံးလိုက်ရတဲ့ အရာအတွက် တူညီတဲ့တန်ပြန်ပေးဆပ်မှုကိုပြန်ရကြရမယ်ဆိုတဲ့ အချက်ကိုအခြေခံပြီး ပြောခဲ့တာပဲဖြစ်ပါတယ်။

Photo Credit - Eisi Kway's FB Acc
Photo Credit - Eisi Kway's FB Acc

ငွေများတရားနိုင်ဆိုတာ တကယ်တော့မရှိသင့်တော့ပါဘူး။ နစ်နာသူတွေဟာ ငွေကြေးမတတ်နိုင်သူတွေ ဖြစ်နေခဲ့ရင် နှစ်ခါနာဖြစ်ရမှာပါ။ နစ်မွန်းနေတဲ့ဘဝတွေကို ငွေမျက်နှာတစ်ခုတည်းကြည့်ပြီး သတ်မချသင့်တော့ပါဘူး။ မတရားတဲ့လုပ်ရပ်တွေအတွက် တန်ပြန်ပြီး ညီမျှတဲ့အပြစ်ဒဏ်ကိုခံစားစေရမှ သာ နစ်နာသူတွေလည်း စိတ်ကျေနပ်ရမှာပါ။ ခေတ်ဆိုးစနစ်ဆိုးတွေကို နောင်လာနောက်သားတွေ အတုမယုစေနိုင်ဖို့ ကောင်းမွန်တဲ့ အလေ့အထနဲ့ အကျင့်ပျက်ခြစားမှုတွေကို တိုက်ထုတ်နိုင်မှ တိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာပါ။

Photo Credit - Eisi Kway's FB Acc
Photo Credit - Eisi Kway's FB Acc

သတင်း အရင်းအမြစ်Eisi Kway's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T