နိုင်ငံရေးမှာ ဘာသာသာသနာကိုရောယှက်ပြီး ခုတုံးမလုပ်ဖို့ သက်သေနဲ့တကွ အသေအချာပြောလာတဲ့ မိတ်ကပ်မေဦး

//s9.kh1.co/66/662ab0307d4baefc22c2d9a3def5bc8dbd9098ff.png
အနုပညာရှင်များ

 ၁၀-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

နိုင်ငံရေးနဲ့ဘာသာရေးဆိုတာ သီခြားစီတည်ရှိနေတဲ့အရာနှစ်ခုပါ။ ဒီနှစ်ခုဟာရောထွေးဖို့ မဖြစ်နိုင်သလို ရောထွေးလိုက်ရင်လည်း မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ဆိုင်တဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအရေးသာဖြစ်ပြီး ဘာသာရေးဟာတော့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အလေ့အထတွေဖြစ်ပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရှုပ်အထွေးတွေမှာ မဆိုင်တဲ့ဘာသာရေးကို ခုတုံးလုပ်ပြီး ပြည်သူအချင်းချင်း ဝါဒဖြန့်မှိုင်းတိုက်ကြသူတွေလည်း မနည်းပါဘူး။ ဒီလိုမလိုလားအပ်တဲ့ ပြဿနာတွေကို ဖန်တီးနေသူတွေရှိကြောင်း မိတ်ကပ်မေဦးက သက်သေနဲ့တကွ ပြောပြလာခဲ့ပါတယ်။

Photo Credit - May Oo's FB Acc
Photo Credit - May Oo's FB Acc

ဘာသာသာသနာဆိုတာ နိုင်ငံတိုင်းမှာရှိကြပြီး အမြတ်တနိုးတန်ဖိုးထားကိုးကွယ်ကြပါတယ်။ မိမိတို့ရဲ့ဘာသာသာသနာအဓွန့်ရှည်တည်တံ့အောင်လည်းဆောင်ရွက်ကြသလို ကောင်းမွန်တဲ့ အဆုံးအမတွေကိုလည်း လိုက်နာပြီးကျင့်ကြံအားထုတ်ကြပါတယ်။ ဒီလိုအလေ့အထကောင်းတွေဟာ ဘာနဲ့မှမရောယှက်သင့်ဘဲ သီးခြားတည်ရှိနေသင့်တာပါ။ သို့ပေမယ့်လည်း ရောယှက်ချင်သူတွေရဲ့ အနှောင့်အသွားမလွတ်တဲ့ စကားလုံးတွေဟာ နိုင်ငံ့အရေးကို စွမ်းစွမ်းတမံကြိုးစားပေးနေသူတွေ အတွက်တော့ အကြီးမားဆုံး ဆူးညှောင့်ခလုတ်တွေပါပဲ။

Photo Credit - May Oo's FB Acc
Photo Credit - May Oo's FB Acc

မတူညီတဲ့နှစ်ခုကို မရောထွေးဖို့ " ဗုဒ္ဓဘာသာဆိုတာ ကာကွယ်ရမဲ့ဘာသာလား? ကိုးကွယ်ရမဲ့ဘာသာလား? လိုက်နာကျင့်ကြံရမဲ့ဘာသာလား? သုတ္တန် ဒေဿနာတော်တွေမှာ ဘုရားက ဘယ်လိုမှာခဲ့လဲ သိချင်မိတယ် ဘုရားက ကာကွယ်ကြပါဆိုရင် ကာကွယ်ကြတာပေါ့ လွယ်ပါတယ် ဘုရားကငါ့ကိုကိုးကွယ်ကြပါ ဆိုရင်လည်း တစ်နေ့ (၅) ကြိမ် ထိုင်ရှိခိုးကြတာပေါ့လွယ်ပါတယ် ကျင့်ကြံလိုက်နာကြပါဆိုရင်တော့ (နည်းနည်းခက်တယ်မဟုတ်လား? ) နိုင်ငံရေးကနိုင်ငံရေး ဘာသာရေးကဘာသာရေး မရောယှတ်ပါနဲ့ ခုတုံးမလုပ်ကြပါနဲ့ " ဆိုပြီး မိတ်ကပ်မေဦးက အသိပေးပြောကြားလာခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့လည်း နိုင်ငံရေးနဲ့ ဘာသာရေးကို ကွဲကွဲပြားပြား သိမြင်ပြီး ကိုယ်လုပ်ရမယ့်အလုပ်ကို အကောင်းဆုံးလုပ်နိုင်ဖို့ လိုအပ်ပါတယ်။

Photo Credit - May Oo's FB Acc
Photo Credit - May Oo's FB Acc

သတင်း အရင်းအမြစ်May Oo's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T