မနက်က လေယာဉ်ပျက်ကျမှုကြောင့် သူ့ရင်ထဲမှာ ဖြစ်ပေါ်လာသော ခံစားချက်အား သီချင်းလေးဆိုကာ ပြောပြလိုက်တဲ့ တိုင်းကျော်ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/9a/9addc390e9e3645a702f5b2d0c14fde885583889.jpeg
အနုပညာရှင်များ

 ၁၀-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

.

ဒီနေ့မနက် ၈ နာရီဝန်းကျင်ခန့်တွင် နေပြည်တော်လေဆိပ်မှ အနီးစခန်းလေဆိပ်သို့ ဆင်းသက်စဉ် ဆိုးရွားလှတဲ့ရာသီဥတုအခြေအနေကြောင့် ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ ထိုလေယာဉ်ပေါ်တွင် လူ (၁၄) ယောက် စီးနင်းလိုက်ပါလာခဲ့ပြီး (၁၂) ဦး ပွဲချင်းပြီး ကွယ်လွန်သွားခဲ့ကာ နှစ်ဦးကတော့ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရထားတဲ့လူနာ(၂)ဦးကိုတော့ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ပျက်ကျတဲ့ လေယာဉ်အမျိုးအစားကတော့ အမေရိကန်လုပ် Beechcraft 1900D သယ်ပို့လေယာဉ်အမျိုးအစား ဖြစ်ပါတယ်။   ဒီသတင်းဟာ လူမှုကွန်ယက်တွင် အတော်လေးကို ပျံ့နှံ့နေပြီး ပြည်သူတွေကလည်း သူတို့ရဲ့ ခံစားချက်တွေကို ဝေမျှနေကြတာကိုလည်း မြင်တွေ့ကြရမှာပါ။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း လူရွှင်တော် တိုင်းကျော်ရဲ့ Facebook အကောင့်တွင် ဗီဒီယိုဖိုင်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

Photo Crd-TaingKyaw’s Facebook Account 
Photo Crd-TaingKyaw’s Facebook Account 
Photo Crd-TaingKyaw’s Facebook Account 
Photo Crd-TaingKyaw’s Facebook Account 
Photo Crd-TaingKyaw’s Facebook Account 
Photo Crd-TaingKyaw’s Facebook Account 

ဒါကတော့  မနက်က လေယာဉ်ပျက်ကျမှုကြောင့်  သူ့ရင်ထဲမှာ ဖြစ်ပေါ်လာသော ခံစားချက်အား သီချင်းလေးဆိုကာ ပြောပြလိုက်တဲ့ တိုင်းကျော်ရဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်။ တိုင်းကျော်ကတော့ အဆိုတော် ဟင်္သာတထွန်းရင်ရဲ့ "ကိုယ့်ရပ်ဌာနေ " ဆိုတဲ့  နာမည်ကြီး  သီချင်းတစ်ပုဒ်ကို ပြန်လည်သီဆိုထားတာ ဖြစ်ပါတယ်။ သူကလည်း " ဝမ်းသာယုံကလွဲလို့ဘာမှမတတ်နိုင်ဘူး" ဆိုပြီး ရေးသားထားတာ ဖြစ်တဲ့အတွက် ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-TaingKyaw’s Facebook Account and Odiginal Uploader  

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T