လုပ်ငန်းရှင်တွေရော အခက်ခဲဖြစ်နေတဲ့ ကလေးမိခင်တွေအတွက်ပါ အဆင်ပြေမယ့်နည်းလမ်းနဲ့ အလှူလုပ်ပေးမယ့် သဉ္ဇာနွယ်ဝင်း

//s9.kh1.co/41/41c70d2de3c473f659763668dabc4982ac850cd4.png
အနုပညာရှင်များ

 ၁၀-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ကိုယ်တိုင်မိခင်တစ်ယောက်ဖြစ်လာတဲ့အချိန်မှာ ကလေးတွေရဲ့လိုအပ်ချက်တွေကို အသေးစိတ်သိလာခဲ့တဲ့ သဉ္ဇာနွယ်ဝင်းဟာ လက်ရှိအချိန်မှာ ကလေးဗာဟီရတွေကြောင့် အခက်အခဲဖြစ်နေတဲ့ မိခင်တွေအတွက် အကောင်းဆုံးနည်းလမ်းနဲ့ အလှူလုပ်ပေးသွားမယ့် အကြောင်း သူမရဲ့လူမှုကွန်ရက်မှာပြောပြလာခဲ့ပါတယ်။ နေ့စဉ်လိုအပ်တဲ့ကုန်ပစ္စည်းတွေနဲ့ ကလေးတွေအတွက်အသုံးဝင်မယ့်ပစ္စည်းတွေကို အခမဲ့ကြော်ငြာပေးတဲ့ နည်းလမ်းနဲ့ အလှူလုပ်ပေးမှာပါ။ သူမအနေနဲ့ အချိန်စိုက်ထုတ်ပေးမှာဖြစ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ ကတော့ ကုန်ပစ္စည်းလှူဒါန်းပေးရမှာဖြစ်ပါတယ်။

Photo Credit - Thinzar Nwe Win's FB Acc
Photo Credit - Thinzar Nwe Win's FB Acc

ဒီလိုကောင်းမွန်တဲ့ idea လေးနဲ့ ကြော်ငြာပေးမှာဖြစ်တဲ့အကြောင်း သူမရဲ့လူမှုကွန်ရက်မှာ ဝေမျှလိုက်တာနဲ့တပြိုင်နက် လုပ်ငန်းရှင်တွေနဲ့အတူ အခက်ခဲဖြစ်နေတဲ့ ကလေးမိခင်တွေလည်း ဆက်သွယ်လာခဲ့ကြပါတယ်။ ဒီလိုဆက်သွယ်လာတာကြောင့်လည်း " အလှူခံတဲ့မေမေတွေ သဉ္ဇာliveလုပ်တဲ့အခါမှ comment မှာမန့်ပေးပါနော် အခုစာပို့တော့သဉ္ဇာအလှူရှင်တွေ စာပြန်တာလွတ်ကုန်မှာစိုးလို့ပါရှင့် အလှူစဖြစ်တဲ့ရက်ကိုသဉ္ဇာfbကနေပြောပေးပါမယ်ရှင့် " ဆိုပြီး မေတ္တာရပ်ခံခဲ့ပါတယ်။ idea ကောင်းကောင်းလေးနဲ့ အလှူလေးအထမြောက်အောင် ပံ့ပိုးပေးတဲ့ သူမကို ကျေးဇူးတင်ပြီး ချီးမွန်းကြတဲ့ မှတ်ချက်တွေလည်းပေးခဲ့ကြပါတယ်။

Photo Credit - Thinzar Nwe Win's FB Acc
Photo Credit - Thinzar Nwe Win's FB Acc
Photo Credit - Thinzar Nwe Win's FB Acc
Photo Credit - Thinzar Nwe Win's FB Acc

အလှူလုပ်မယ့်အကြောင်းအသေးစိတ်ကို " သဉ္ဇာနဲ့အတူအလှူတွဲလုပ်ဖို့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပါတယ်ရှင်။ သဉ္ဇာ live တစ်ခုစီကို ကုန်ပစ္စည်းတစ်မျိုးထဲအတွက် သီးသန့်လေး review လုပ်ပေးမှာဖြစ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ကတော့ သဉ္ဇာ့ကို အနုပညာကြေးပေးစရာမလိုဘဲ ကိုယ့်ရဲ့ကုန်ပစ္စည်းကိုပဲအလှူလုပ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ကုန်ပစ္စည်းက နေ့စဉ်လိုအပ်ချက် အနေနဲ့သုံးတဲ့ပစ္စည်းနဲ့ ကလေးတွေအတွက်လိုအပ်တဲ့ပစ္စည်းများကိုပဲ live လုပ်ပေးပါမယ်ရှင်။ လိုအပ်တဲ့အလှူခံမယ့်သူတိုင်း live ရဲ့ comment မှာအလှူခံနိုင်ပြီး တစ်ခါထဲ လှူပေးသွားမှာဖြစ်ပါတယ်ရှင်။ လုပ်ငန်းအကြီးအသေးမရွှေးဘဲ အလှူလေးဖြစ်အောင် လုပ်ချင်တာဖြစ်လို့ စိတ်ဝင်စားတဲ့သူတွေအနေနဲ့ chat boxကနေဆက်သွယ်လို့ရပါတယ်နော်❤️❤️❤️ " ဆိုပြီး သဉ္ဇာက ပြောပြလာခဲ့ပါတယ်။ အရမ်းကိုကောင်းတဲ့အစီအစဉ်လေးမို့ အခက်ခဲဖြစ်နေတဲ့ ကလေးမေမေတွေအတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါပဲ။

Photo Credit - Thinzar Nwe Win's FB Acc
Photo Credit - Thinzar Nwe Win's FB Acc

သတင်း အရင်းအမြစ်Thinzar Nwe Win's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T