ဟားငါးကောင်လူရွှင်တော်အဖွဲ့ကိုတော့ တိုင်းကျော်၊ ပြည်ကျော်၊ ပိုးလေး၊ တိုးကျော်နဲ့ ဝိုင်းကျော် တို့ငါးယောက်ဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ သူတို့တွေဟာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်များထဲတွင် ပါဝင်ခဲ့ကြပါတယ်။ အခုလက်ရှိမှာလည်း တော်လှန်တိုက်ပွဲဝင်ရန်အတွက် လွတ်မြောက်နယ်မြေတွင်စစ်သင်တန်း တက်ရောက်နေကြပြီ ဖြစ်ပါတယ်။



သူတို့ကတော့ တောထဲတွင် တာလပတ်ဖြင့် ကိုယ်တိုင်အိမ်လေးဆောက်ထားပြီး မိုးသည်းတဲ့ ညများကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။ အခက်အခဲတွေကြားထဲကနေ ပြည်သူတွေ အားတက်စေဖို့အတွက် သူတို့ရဲ့လှုပ်ရှားမှုတွေကို လူမှုကွန်ယက်များမှတစ်ဆင့် ဝေမျှပေးနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း လူရွှင်တော် တိုင်းကျော်ရဲ့ Facebook အကောင့်တွင် ပြည်ကျော် နေပြန်ကောင်းလာတဲ့ အတွက် ဟားငါးကောင်အဖွဲ့ လူစုံပြီဖြစ်ကြောင်း ပရိသတ်တွေကို ဝမ်းသာအားရ ပြောပြလာတာ ဖြစ်ပါတယ်။



လူရွှင်တော် ပြည်ကျော်ကတော့ ကျန်းမာရေးအခြေအနေတွေကြောင့် ခေတ္တ အနားယူခဲ့ရတာဖြစ်ပါတယ်။ သူတို့အဖွဲ့အရင်လိုလူပြန်စုံပြီဖြစ်တဲ့အတွက် ဝမ်းသာနေတဲ့ တိုင်းကျော်ကတော့ " ဟား ၅ ကောင်စုံပြီ ပြည်သူ အတွက်အား ရှိစေသော်" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း တောထဲတောင်ထဲမှာ နေရတဲ့အတွက် ကျန်းမာရေးအထူးဂရုစိုက်ကြဖို့ ဟားငါးကောင်အဖွဲ့ကို comment များရေးသားထားကြတာကိုလည်း မြင်တွေ့ရပါတယ်။
Source and Photo Crd-Taingkyaw’s Facebook Account


