နာမည်ကြီးလူရွှင်တော်အဖွဲ့ဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ကတော့ လက်ရှိမှာဆိုရင် စစ်ပညာသင်ယူဖို့အတွက် တောထဲတောင်ထဲမှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့က ကိုယ့်အားကိုယ်ကိုးပြီး ရှိတာလေးနဲ့ အဆင်ပြေအောင် နေထိုင်စားသောက်နေကြတာပဲ ဖြစ်ပါတယ် ။ အခက်အခဲ၊ဒုက္ခမျိုးစုံကို ရင်ဆိုင်နေရပေမယ့်လည်း ဆက်လက်အားတင်းရင်းနဲ့ပဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ အခိုင်အမာ ရပ်တည်နေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

တောထဲကိုရောက်စအချိန်မှာတော့ ဟားငါးကောင်အဖွဲ့က စားဝတ်နေရေးနဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေ ကြုံတွေ့နေရပေမယ့်လည်း ကြံ့ကြံ့ခံရင်ဆိုင်နေကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ် ။ သူတို့ကတော့ နေဖို့အိမ်ကအစ ကိုယ်တိုင်ဆောက်လုပ်ရသလို အဲ့ဒီအိမ်ကလည်း မိုးမလုံတာကြောင့် အိပ်စရာနေရာတောင်မရှိတဲ့ အခြေအနေတွေ ရောက်ခဲ့ရတာ ဖြစ်ပါတယ် ။ အခုလည်း မြေကျင်းတူးနေတဲ့ ဟားငါးကောင်အဖွဲ့ရဲ့ဓာတ်ပုံကို လူတစ်ယောက်က လှောင်ပြောင်သရော်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါကြောင့် လူရွှင်တော်တိုင်းကျော်က သူတို့ကို လှောင်တဲ့သူကို ပညာသားပါပါနဲ့ ထိထိမိမိလေး တုံ့ပြန်လိုက်တာ ဖြစ်ပါတယ် ။ တိုင်းကျော်က တောထဲရောက်တာတောင်အရှက်တရားနဲ့ စည်းကမ်းရှိတဲ့ သူတို့အဖွဲ့ ကို ပြည်သူတွေသိအောင် အခုလိုပံ့ပိုးရေးသားပေးတဲ့အတွက် ကျေးဇူးတောင်တင်မိကြောင်း ပြောခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့အဖွဲ့က ပြည်သူတွေ ကျေကျေနပ်နပ်နေခိုင်းတဲ့အထိ အဲ့ဒီနေရာကနေ တစ်ဖဝါးမှခွာမဟုတ်ကြောင်း စကားပါးခဲ့တာလည်း ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။