မေသစ္စာမောင်စီးလာတဲ့ Taxiကိုအလယ်ကနေအရှိန်နဲ့ဖြတ်တိုက်ခံလိုက်ရတဲ့ cctvဗီဒီယိုမှတ်တမ်း

//s9.kh1.co/04/040d08c02f378165cb30e2302ef2490b55dad933.jpg
အနုပညာရှင်များ

 ၀၉-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၄ နှစ် က

.

ငယ်ရွယ်နုပျိုမှုတွေနဲ့အတူ အောင်မြင်မှုတွေပါရရှိထားပြီး Transgenderအလှမယ်တစ်ယောက်အနေနဲ့ လူသိများထင်ရှားတဲ့ မေသစ္စာမောင်က ယမန်နေ့ ဇွန်လ(၇)ရက်နေ့ညမှာတော့ ကား accidentဖြစ်ကာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ မေသစ္စာမောင်က အပြင်ရောက်နေတုန်းအချိန်လေးမှာ သူမရဲ့ ခွေးလေးမီးဖွားခါနီးဖြစ်နေတယ်လို့သိရတဲ့အတွက် ရရာ Taxiငှားကာအိမ်ပြန်လာစဉ် တစ်ဖက်လမ်းကြောကကားကနေ ၀င်တိုက်ခဲ့တာကြောင့် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ယာဉ်တိုက်မှုကြောင်း မေသစ္စာမောင်အပါအ၀င် Taxiသမားလင်မယားနှစ်ယောက်လည်းသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးခဲ့ရတဲ့ Taxiသမားလင်မယားနှစ်ယောက်မှာ သားလေးတစ်ယောက်ကျန်ခဲ့ပြီး ၁၆နှစ်အရွယ်ပဲရှိသေးတယ်လို့သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်စဉ်ကို Taxiသမားရဲ့ အမှားလို့ ဝေဖန်မှုတွေရှိနေပေမယ့်လည်း အခုအခါမှာတော့ ယာဉ်တိုက်မှုရဲ့ဖြစ်စဉ်မှန် CCTV ဗီဒီယိုတစ်ခုထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မေသစ္စာမောင်စီးလာတဲ့ Taxiက မီးပွိုင့်မှာမီးစိမ်းပြတဲ့အတွက် မောင်းထွက်လာစဉ် တစ်ဖက်ယာဉ်ကြောကကားက အလယ်ကနေအရှိန်နဲ့ဖြတ်တိုက်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာဆိုရင် အရှိန်ပြင်းပြင်းနဲ့တိုက်လိုက်တဲ့အတွက် လမ်းထောင့်အထိ Taxiကလွင့်ထွက်သွားတာပါ။ ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး အမှုကြားနာမှုစတင်နေပြီလို့သိရပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုမှတ်တမ်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ် Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T