အလှမယ် သူဇာဝင့်လွင်အား အွန်လိုင်းကနေ နည်းစနစ်ကျစွာ Voting ပေးကြခြင်းဖြင့် အားပေးဝန်းရံကြဖို့ တိုက်တွန်းလိုက်တဲ့ ဆောင်းယွန်းစံ

//s9.kh1.co/c4/c49315f43124c3cfa512ceb293b047fc68368486.jpeg
အနုပညာရှင်များ

 ၁၄-မေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

Miss Universe ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်နေတဲ့  အလှမယ် သူဇာဝင့်လွင်ကတော့ ပရိသတ်တွေအားလုံးရဲ့အားပေးမှုတွေကို အခိုင်အမာ သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။ သူမကတော့ပြိုင်ပွဲဝင်ကာလအတွင်းမှာ အခက်အခဲတွေများစွာနဲ့ ကြုံတွေ့ခဲ့ရပေမယ့် နောက်ဆုံးမှာ အဆင်ပြေချောမွေ့သွားခဲ့ပါတယ်။ အားလုံးကလည်း Candy လိုအပ်တဲ့အရာတိုင်း ကူညီပေးဖို့ အဆင်သင့်ရှိနေတာ ဖြစ်ပါတယ်။

Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 

မနေ့ကတော့ ချင်းရိုးရာဝတ်စုံဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံဆိုတာ အားလုံးသိအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။  ပရိသတ်များသာမကဘဲ  အနုပညာရှင်များကလည်း Candy ရဲ့ယှဉ်ပြိုင်မှုတွေကိုတစ်ခဲနက် ဝန်းရံအားပေးနေကြတာ  ဖြစ်ပါတယ်။ သူမကို Voting ပေးရာတွင်လည်း မှန်ကန်တဲ့ နည်းလမ်းဖြင့်သာပေးကြဖို့ အားလုံးက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သရုပ်ဆောင်ဆောင်းယွန်းစံရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အရေးတော်ပုံတွင် အားတက်သရော ပါဝင်ခဲ့ပြီး Democracy Queen လို့ ခေါ်ဆိုနေကြတဲ့ Candy လေးအတွက် အွန်လိုင်းကနေ Voting ပေးကြဖို့ မေတ္တာရပ်ခံ ပြောကြားနေတာ ဖြစ်ပါတယ်။

Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 

" အရေးတော်ပုံမှာ အားတတ်သရောပါဝင်ပီး အားလုံးက Democracy Queen လို့ ခေါ်နေကြတဲ့ Thuzar Wint Lwinကိုတော်တော်များများ ဝန်းရံနေတာတွေတော့ ဝန်ရံနည်းမမှားဘဲ အကျိုးရှိရှိ ဝန်းရံလို့ရအောင် တင်ပေးတာပါ။

Page တော်တော်များများကလုပ်နေတဲ့ Challenge တွေရဲ့ Love react , Wow react တွေက Miss Universe Offical Vote မဟုတ်သလို အကျိုးသက်ရောက်မှုလည်း မရှိပါဘူး အောက်ကပြထားတဲ့ Vote နည်းကသာ အကျုံးဝင်တာဖြစ်ပါတယ် 

???

- Miss Universe Application ကို အောက်ပါ LINK များတွင် အလွယ်တကူ Download ပြုလုပ်နိုင်ပါသည်။ 

For Android ~ 

https://play.google.com/store/apps/details?id=com.choicely.missuniverse

For IOS ~ 

https://apps.apple.com/us/app/miss-universe-official/id1557255641

- Download လုပ်ပြီးပါက Miss Universe Application ထဲသို့ ဝင်ရောက်ကာ ???? နေရာ၌ ??????? ကိုရှာပြီးပထမဆုံး 1 vote free ပေးနိုင်ပါသည်။

- My Choice နှင့် Star 1 ဟု MYANMAR အလှမယ်၏ပုံပေါ်တွင် ပေါ်လာလျှင် Vote ပေးလိုက်သော 1 vote free အောင်မြင်ပါပြီ။

- Vote ထပ်မံပေးလိုပါက အလှမယ်၏ ပုံပေါ်ရှိ Star လေးကို နှိပ်ပြီး Vote လိုသည့် Vote အရေအတွက်နှင့်စျေးနှုန်းကိုရွေးချယ်ကာ Vote ပေးနိုင်ပါတယ်  ပုံမှာ ပြထားတဲ့အတိုင် $ နဲ့ ကျသင့်မှာ ဖြစ်ပါတယ်။

- - 

အရေးတော်ပုံမှာလည်း အားတတ်သရောပါဝင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့အဖြစ်ပျက်တွေကို ကမ္ဘာကိုချပြနိုင်ဖို့ လေဆိပ်ကနေ Hoodies အင်္ကျီလေးနဲ့ တိတ်တဆိတ်ထွက်လာခဲ့ရတဲ့ Miss Myanmar Universe 2020 Candy Thuzar ကိုအသားကုန် Support ကြရအောင် Please Support Miss Universe MYANMAR ??????" လို့ ရေးသားထားတာ ဖြစ်ပါတယ်။ အားလုံးကလည်း  အခက်အခဲတွေကြားထဲကနေ ယှဉ်ပြိုင်ခဲ့ရတဲ့ Candy အတွက် Voting တွေ များစွာပေးနေကြတာကို ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။ မေလ (၁၆) ရက်နေ့မှာလည်း Miss Universe Final Day မှာလည်းအောင်မြင်စွာနဲ့ ယှဉ်ပြိုင်ပြီး Title ဆုကို ဆုခူးရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Saung Yoon San’s Facebook Account  and Thuzar Wint Lwin’s Facebook Page 

Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T