လောကဓံရဲ့ရိုက်ချက်တွေဟာ တစ်ခါတလေမှာ အရမ်းကိုပြင်းထန်လွန်းပါတယ်။ သားသမီးသုံးယောက် ပိုင်ဆိုင်ထားတဲ့အမေကြီးဟာ မွေးရာပါစိတ်မနှံ့တဲ့ သားနဲ့သမီးကို ပြုစုစောင့်ရှောက်နေရပေမယ့် ကံကောင်းထောက်မစွာနဲ့ ဘွဲ့ရပညာတတ်တဲ့ သားလေးတစ်ယောက်ရှိလာခဲ့ပါတယ်။ ကံကလည်း ကြာကြာမကောင်းနိုင်ဘဲ ဘွဲ့ရတဲ့သားလေးဟာ အရက်ရဲ့ကျေးကျွန်ဖြစ်ခဲ့ပြီး စိတ်လည်းသိပ်မနှံ့တော့တာ ကြောင့် အမေကြီးကိုယ်တိုင်ပဲ လူတွေရဲ့မေတ္တာငွေကြေးကိုလက်ခံပြီး သားသမီးသုံးယောက်ကို ရှာဖွေကျွေးမွေးခဲ့ရပြန်ပါတယ်။ အကြွေးတွေများလာတဲ့အဆုံးမှာ ပိုင်ဆိုင်တာလေးတွေ ရောင်းချပြီး ဆပ်ခဲ့သလို သားသမီးသုံးယောက်ကိုလည်းမစွန့်လွှတ်ဘဲ မိခင်ပီသစွာနဲ့ သူမရဲ့ဘဝကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ရဲတဲ့အမေကြီးရဲ့ သတ္တိကတော့ လေးစားစရာကောင်းလွန်းပါတယ်။
အမေကြီးကိုစာနာတဲ့ စေတနာရှင်အမျိုးသမီးတစ်ဦးဟာ အမေကြီးရဲ့ အိမ်အထိသွားလှူပေးပြီး ချို့ချို့တဲ့တဲ့နေရတဲ့ အမေကြီးတို့ရဲ့အိမ်ကိုပါပြန်လည်ပြုပြင်ပေးကာ ရပ်တည်စားသောက်ဖို့အတွက် စီးပွားရေးလုပ်ငန်းလေးတစ်ခု ထူထောင်ပေးဖို့ ပြင်ဆင်နေခဲ့ပါတယ်။ ခက်ခဲတဲ့ကာလတွေကို အသက် (၉၀) ကျော်ထိရင်ဆိုင်ခဲ့ပြီးနောက်မှာ အေးချမ်းတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ရတော့မှာပါ။ အရင်ကလို နေပူမိုးရွာ မရှောင် မေတ္တာကြေးတွေတောင်းခံဖို့မလိုတော့ဘဲ အရိပ်အောက်မှာ အေးအေးလူလူ ငွေရှာနိုင်တော့မှာမို့ အမေကြီးနဲ့ သားသမီးသုံးယောက်လုံးကတော့ ပျော်မဆုံးဖြစ်နေကြပါတယ်။
အမေကြီးရဲ့သတင်းကိုမြင်ပြီး ဂရုဏာသက်မိတဲ့ သရုပ်ဆောင်မှုးသခင်ကလည်း အမေကြီးဆီ အရောက်သွားပြီး လှူဖြစ်ခဲ့တဲ့ပုံရိပ်တွေကို " စစ်ကိုင်းကညီမလေးတစ်ယောက်က ဖွားဖွားအကြောင်း တင်ပေးခဲ့လို့ သွားလှူခွင့်ရခဲ့တယ်အများကြီးမဟုတ်ပေမယ့် ကိုယ်နိုင်သလောက်လေးပေါ့ ခုဆိုဖွားဖွားအတွက်အိမ်လေးဆောက်ပေးနေပြီတဲ့ ဝမ်းသာလိုက်တာ ဖွားဖွားကပြောတယ် သူ့ကိုလာလှူတဲ့ထဲမင်းသမီးတောင်ပါတယ်တဲ့ ဖွားဖွားရေ မှူးကိုအမှတ်တရရှိနေပေးတာ ကျေနပ်လိုက်တာနော်☺️☺️☺️ နောက်လည်း လှူတဲ့သူတွေရှိရင် ဖွားဖွားဆီလာခဲ့ပါဦးမယ်ဖွားဖွား?? " ဆိုပြီး သူမရဲ့လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ အမေကြီးကိုလှူဒါန်းချင်သူများအတွက် အမေကြီးရဲ့ လိပ်စာကတော့ စစ်ကိုင်းတံတားအဆင်းမီးပွိုင့်ကနေ အရှေ့ဖက်လမ်းကြားထဲက လေးကျွန်းမြေ ရွှေလမင်းကဖေးဆိုင်ကိုမေးပြီး သွားရောက်လှူဒါန်းနိုင်ပါတယ်။ အိမ်ပတ်ဝန်းကျင်မှာ ခွေးလေးတွေရှိတဲ့အတွက် သတိထားပြီးသွားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Hmue Thakhin's FB Acc