စားသောက်ကုန်တွေ ပေးဝေခဲ့တဲ့အပြင် စစ်ဘေးရှောင်ကလေးငယ်တွေ အတွက်လည်း အရုပ်တွေလှူဒါန်းလိုက်တဲ့ ရေဗက္ကာဝင်း

//s9.kh1.co/54/5427a0b924cafec93f2df3bbbea58e08a75e7340.jpeg
အနုပညာရှင်များ

 ၁၂-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

..

သီချင်းကောင်းလေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုအေးအေးလေးတွေကြောင့် ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာလျှောက်လှမ်းနေသူကတော့ အဆိုတော်ရေဗက္ကာဝင်းပဲ ဖြစ်ပါတယ်..။

ရေဗက္ကာဝင်းကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေအားလုံးနဲ့ အတူ ရပ်တည်နေသလို ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက လှူဒါန်းမှုတွေကို ဆက်တိုက်ပြုလုပ်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc

တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ကူညီနေတဲ့ ​ရေဗက္ကာဝင်းကတော့ ဒီတစ်ခေါက်မှာလည်း စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေအတွက် ဆန်၊ ဆီ နဲ့ အခြားစားသောက်ကုန်တွေကို ပေးဝေလှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်..။

၇ရက်သားသမီး မိတ်ဆွေသူငယ်ချင်းတွေဖြစ်တဲ့ စေတနာရှင်တွေနဲ့အတူ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းခဲ့တာဖြစ်ပြီး ကချင်ပြည်နယ်မှ စစ်ဘေးရှောင်တိုင်းရင်းသား ကလေးငယ်လေးတွေ အတွက် အရုပ်တွေ လှူဒါန်းခဲ့ပါသေးတယ်..။

Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc

"ဒီနေ့ စေတနာရှင်များဖြစ်ကြတဲ့ LA မှ

အန်တီသိန်းသိန်းရီ၊ ကိုဂျွန် + မမိုးမိုး ၊ ကိုဆိုနီ + မမိုးမိုးညွုန့်၊ ဒေါ်အုန်းမြင့် ၊ Dr. လမင်းတာရာ + Dr. မိုးငယ်ငယ်၊ Dr. အောင်မျိုးသန့် + မဝေဝေလွင်၊ မသီတာ D Kitchen၊ မရီရီဝင်း၊ ကိုဇော်မိုးနိုင်၊ မဆင့်ဆင့်အောင်၊ Nestle Myanmarတို့နဲ့ အတူ လိုအပ်နေတဲ့ ရန်ကုန်မှ ပြည်သူများအတွက် အိမ်ထောင်စု တစ်စုကို

ပေါင်းရှည်ဆန် ၃ပြည်

နေကြာဆီ ၁လီတာ

ပဲကြာဇံ

ပဲနီလေး

ခေါက်ဆွဲခြောက်တစ်ပုံး

Maggi စွယ်စုံသုံး ဟင်းခတ်မှုန့် တို့ကို စုပေါင်းလှူဒါန်းခဲ့ပြီး ကျွန်မအနုပညာသက်တမ်း(၁၇) နှစ်အတွင်း ပရိသတ်များမှ ချစ်ခင်မှုနဲ့ ပေးထားခဲ့တဲ့ အရုပ်တွေအားလုံးကို  Shingni Nbat(အနုပညာပိုးသဘက်) မှတဆင့် ချစ်ခြင်းနဲ့ နွေးထွေးမှုလိုအပ်နေတဲ့ ကချင်ပြည်နယ်စစ်ရှောင်စခန်းမှ ကလေးများထံ လှူဒါန်းခဲ့ပါတယ်ရှင်?.." ဆိုပြီး အလှူအကြောင်းကို ဝေမျှပြောပြထားတာပါ..။

အခုလို လိုအပ်တာလေးတွေ ဖြည့်ဆည်းလှူဒါန်းနေတဲ့ ရေဗက္ကာဝင်းနဲ့အတူ အလှူရှင်တွေရဲ့ ကုသိုလ်တွေကို ပရိသတ်တွေကလည်း အားပေးဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc

သတင်း အရင်းအမြစ်Rebecca Win's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T