တော်လှန်ရေးနယ်မြေတစ်ခုကို ရောက်ရှိနေပြီး အခက်အခဲတွေကြားက ကြိုးစားတိုက်ပွဲဝင်နေတဲ့အကြောင်း ပြောပြလာတဲ့ ထားထက်ထက်

//s9.kh1.co/61/61f2eb30c4aea4e6d9022f74c5624370e2725c22.jpeg
အနုပညာရှင်များ

 ၁၁-မေ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

မော်လ်ဒယ်သရုပ်ဆောင် ထားထက်ထက်ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ အားကြိုးမာန်တက် ပါဝင်နေသလို လှူဒါန်းမှုတွေ ပြုလုပ်ပြီးတော့ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

ဖေဖော်ဝါရီလ အစပိုင်းကတည်းက အားလုံးနဲ့အတူ ရပ်တည်နေတဲ့ ထားထက်ထက်ကတော့ လက်တလောမှာ တော်လှန်ရေးနယ်မြေတစ်ခုကို ရောက်ရှိနေပြီး အခက်အခဲတွေကြားက ကြိုးစားတိုက်ပွဲဝင်နေတဲ့အကြောင်း ပြောပြလာပါတယ်..။

Photo Credit - Htar Htet Htet's Fb Acc
Photo Credit - Htar Htet Htet's Fb Acc
Photo Credit - Htar Htet Htet's Fb Acc
Photo Credit - Htar Htet Htet's Fb Acc

တော်လှန်ရေးနယ်မြေတစ်ခုကို ရောက်ရှိနေတာ တစ်လကျော်ပြီဖြစ်သလို ခိုင်မာပြတ်သားတဲ့ သူမရဲ့ ယုံကြည်မှုတွေနဲ့  ခံယူချက်တွေကို ထားထက်ထက်က ပြောပြထားတာ ဖြစ်ပါတယ်..။

ပိုင်ဆိုင်မှုတွေအကုန် စွန့်လွှတ်ခဲ့ပြီးတဲ့ အချိန်မှာ ဆုံးရှုံးစရာဆိုတာ ဘာမှမရှိတော့ပါဘူး ဆိုပြီးတော့လည်း အရေးတော်ပုံကြီးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ရင်း စွန့်လွှတ်ကြိုးစားနေတဲ့ အကြောင်းတွေကိုလည်း ပြောပြထားပါသေးတယ်..။

Photo Credit - Htar Htet Htet's Fb Acc
Photo Credit - Htar Htet Htet's Fb Acc

"ကျွန်မတို့အားလုံးရဲ့ လွတ်လပ်မှုတွေ အခွင့်အရေးနဲ့ အရာရာ ဆုံးရှုံးကြရတာ ဒီနေ့ဆို ရက် ၁၀၀ ပြည့်ခဲ့ပြီ။

ကျွန်မ တော်လှန်ရေး နယ်မြေတခု ကို ရောက်ခဲ့တာလည်း ၁ လနဲ့ ၁၁ ရက်ရှိခဲ့ပြီ။

ကျွန်မတို့တွေနိုင်မှ ပြန်လာလို့ရမယ်...

ကျွန်မတို့တွေနိုင်မှ အဖမ်းခံထားရသူတွေလွတ်မယ်...

ကျွန်မတို့တွေနိုင်မှအသက်ပေးခဲ့ရသူတွေကျေနပ်မယ်...

ကျွန်မတို့တွေနိုင်မှ မိသားစုတွေပြန်ဆုံဆည်းနိုင်မယ်...

ကျွန်မနိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ 

စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်ရေးလုပ်တာ ကျွန်မ တော်လှန်ရေးလုပ်တာ ဘာရပိုင်ခွင့် ဘာအခွင့်အရေး ဘာအရောင်အစွဲမှမပါဝင်ဘူး။

ကျွန်မတို့ ဒီအာဏာရှင်စနစ်ဆိုးကို ဖြိုဖျက် နိုင်ဖို့ပဲ။ 

မတရားအနိုင်ကျင့်တာကို လက်မခံနိုင်တာ အခုချိန်မှ မဟုတ်ပါဘူး။ 

ကျွန်မသည် အရပ်သားအစိုးရတုန်းကလည်း မတရားအနိုင်ကျင့်တာ အာဏာပါဝါနဲ့ လုပ်ချင်တိုင်းလုပ် ချယ်လှယ်တာကို လက်မခံနိုင်လို့ ဝန်ကြီးအဆင့်ရောက်သည် အထိ တစ်ယောက်ထဲ ရင်ဆိုင်ခဲ့တာပါ။ 

အခုအချိန်မှာလည်း ဘယ်လိုမှ မနေနိုင်ဘူး။

ဒီအတွက်ကျွန်မ ဆန္ဒပြခဲ့တယ် ... ရသမျှနည်းနဲ့ ပြန်တိုက်မယ်။

ကျွန်မ လုပ်နိုင်တာ ကူနိုင်တာ စွန့်လွှတ်နိုင်တာ အသက်အထိပေးဆပ်ဖို့ အသင့်ပဲ။

အခု ကျွန်မတို့ရဲ့ အဓိက ရည်ရွည်ချက်က တခုထဲပဲ အဲ့ဒါက နှစ် ၆၀ နီးပါးလောက် အမြစ်တွယ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုး ကျွန်မတို့ရဲ့ မျိုးဆက်မှာ အဆုံးထိ ပျက်သုဉ်းဖို့ အတွက် တိုက်ပွဲဝင်ဖို့။

February 2021 မှစပြီး

၁။ ကျွန်မတို့တွေ အားလုံး ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြခဲ့ကြတယ်။

၂။ ရက်စက်စွာ ပစ်သတ်ခံခဲ့ကြရတယ်။

၃။ မတရားအနိုင်ကျင့် လုယက်ပြီး လက်နက်မရှိတဲ့ ပြည်သူလူထုကို စစ်မြေပြင်အလား ရက်စက်မှုတွေကို ခံရတယ်။

လိုချင်ရင် တိုက်ယူ ဆိုတဲ့စကားအတိုင်း ပြန်တိုက်ယူရမယ့်အချိန် ရောက်လာခဲ့ပြီဖြစ်တယ်။

ပွဲကြီး ပွဲကောင်းတခုအတွက် အချိန်ယူ လေ့လာမှု လေ့ကျင့်မှု ၊ ပြင်ဆင်မှုတွေ ၊ စိတ်ရှည်သည်းခံမှုတွေတော့ အများကြီးလိုအပ်တယ်။ 

လက်နက်ပဲ ကိုင်ကိုင်

ကလောင်ပဲ ကိုင်ကိုင်

ကီးဘုတ်ပဲ ကိုင်ကိုင်

ပိုက်ဆံပဲ ကိုင်ကိုင် သူ့နေရာနဲ့သူ တတ်နိုင်တဲ့နေရာမှာဝင်ဖြည့်မှ ပြီးပြည့်စုံမှာပါ။

တော်လှန်ရေးအတွက် ဘယ်နေရာကပဲ ပါဝင် သည်ဖြစ်စေ အဓိက က ရင်ထဲကနေ စစ်မှန်တဲ့ နှလုံးသားနဲ့ ပါဝင်နေဖို့ပဲလိုတယ်။

ပိုင်ဆိုင်မှုတွေအကုန် စွန့်လွှတ်ခဲ့ပြီးတဲ့ အချိန်မှာ ဆုံးရှုံးစရာဆိုတာ ဘာမှမရှိတော့ပါဘူး။

NUG ကနေ PDF Ready ဆိုပြီး Call ခေါ်တဲ့အချိန်မှာ ကျွန်မတို့တွေဘက်က အဆင်သင့်ဖြစ်နေဖို့ပါပဲ...... ကျွန်မတို့အားလုံးရဲ့ အရေးတော်ပုံကြီး အောင်ရမည်။

ဒီအရာကြီးပြီးဆုံးသွားတဲ့အခါ ကျွန်မက ကျွန်မနှစ်သက်ရူးသွပ်တဲ့ ကျွန်မရဲ့အနုပညာအလုပ်ကို ကျွန်မ လုပ်နိုင်သလောက်ဆက်လုပ်ချင်တယ်။ 

ပြီးရင် ကျွန်မရဲ့ နောက်ထပ် Profession ဖြစ်တဲ့ ကျွန်မချစ်ရတဲ့ ကလေးလေးတွေကို ကျွမ်းဘားပညာဆက်သင်ပေးပြီး အေးအေးဆေးဆေး ပျော်ရွှင်သာယာအေးချမ်းတဲ့ ဘဝလေးတခု အမြန်ဆုံး တည်ဆောက်ပြီး နေချင်တယ်။ 

11.5.2021

(Tuesday).." ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပြီး အခက်အခဲတွေကြားကနေ အစွမ်းကုန် ကြိုးစားတိုက်ပွဲဝင်နေတဲ့ ထားထက်ထက်ကိုလည်း ပရိသတ်တွေက အားပေးရင်း ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Htar Htet Htet's Fb Acc
Photo Credit - Htar Htet Htet's Fb Acc
Photo Credit - Htar Htet Htet's Fb Acc
Photo Credit - Htar Htet Htet's Fb Acc

သတင်း အရင်းအမြစ်Htar Htet Htet's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T