ကမ္ဘာ့အလှမယ်တွေကြားမှာ လူစိတ်ဝင်စားမှုခံနေရတဲ့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သူဇာဝင့်လွင်ရဲ့ ကြည့်မဝနိုင်တဲ့ အလှတရား

//s9.kh1.co/02/023f85d158a73650edf3344a7cbcba2b1e87254a.png
အနုပညာရှင်များ

 ၁၁-မေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

မြန်မာပြည်ကိုယ်စားပြုအလှမယ်အဖြစ်နဲ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ Miss Universe 2021 ပွဲကို သွားရောက်ယှဉ်ပြိုင်နေတဲ့ သူဇာဝင့်လွင်ဟာ လှပရုံသာမက အရည်အချင်းလည်းရှိတဲ့ မိန်းကလေး တစ်ယောက်ပါ။ အမဖြစ်သူ May ဟာလည်း ညီမလေးအတွက် အကောင်းဆုံး support ပေးနေခဲ့ပြီး အခက်အခဲတွေကြားက ယှဉ်ပြိုင်ရတဲ့ Candy ကိုလည်း ပရိသတ်တွေက စိတ်ဓာတ်မကျဖို့အားပေးစကား ပြောခဲ့ပါတယ်။ ပြိုင်ပွဲမှာဝတ်ဆင်ရမယ့်ဝတ်စုံတွေပါတဲ့အိတ်ဟာလည်း ယနေ့ထက်ထိပြန်ရှာမတွေ့သေး ပါဘူး။ ကူညီသူတွေကလည်း သိသလောက်နဲ့အကုန်လိုက်ပြီး ကူညီပေးနေပါတယ်။

Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc

Miss တစ်ယောက်မှာရှိသင့်တဲ့အလှတရားအပြင် အရည်အချင်းလည်းအပြည့်အဝရှိနေပြီး မြန်မာအမျိုးသမီးတွေအတွက် ဗဟုသုတရစေမယ့်အကြောင်းအရာတွေကိုလည်း မျှဝေပေးတတ်ပါသေး တယ်။ နွေဦးတော်လှန်ရေးမှာ စွမ်းစွမ်းတမံပါဝင်ခဲ့တဲ့ Candy ဟာ လက်ရှိအချိန်ထိလည်း မြန်မာ့အရေးကို Speak Out လုပ်နေဆဲပါပဲ။ ပြည်သူနဲ့တစ်သားတည်း ရပ်တည်တဲ့ Miss Universe Myanmar ကို ပြည်သူတွေကလည်း တန်ပြန်မေတ္တာတွေနဲ့ ချစ်ခင်အားပေးခဲ့ပါတယ်။

Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc

ကမ္ဘာ့အလှမယ်တွေကိုနှစ်စဉ်ခန့်မှန်းပေးနေတဲ့ Siera Bearchell ရဲ့ အကြိုခန့်မှန်းမှု Top 21 list မှာ မြန်မာ့အလှမယ် သူဇာဝင့်လွင်ဟာ နံပါတ် (၁၉) နေရာကနေ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ဒီနေ့မှာလည်း ဓာတ်ပုံဆရာအောင်ရဲလင်းက Candy ကို ရိုက်ပေးထားတဲ့ ရင်ခုန်ချင်စရာ ပုံရိပ်တွေကို သူ့ရဲ့လူမှုကွန်ရက် မှာ ဝေမျှခဲ့ပါတယ်။ အဖြူနဲ့ အမဲ နှစ်မျိုးဝတ်ဆင်ထားပြီး ပုံရိပ်တိုင်းမှာ အသက်ပါနေတဲ့ Candy ရဲ့အကြည့် တွေကတော့ တကယ်ကိုကြွေချင်စရာပါ။ ပရိသတ်ကြီးလည်း မြန်မာကိုယ်စားပြုအလှမယ် သူဇာဝင့်လွင်ကို အားပေးဖို့ တိုက်တွန်းပါရစေ။

Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc

သတင်း အရင်းအမြစ်Aung Ye Lin's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T