ပြည်သူများက သူတို့ စုဆောင်းထားတဲ့ ပိုက်ဆံတွေကို လုံခြုံစိတ်ချရတဲ့ ဘဏ်များတွင်သာ အပ်နှံလေ့ရှိကြတာဖြစ်ပါတယ်။ သို့သော်လည်း ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ပြည်သူများကရှေ့ဆက်ဖြစ်လာမယ့် အနာဂတ်တွေကို ကြိုတင်မမှန်းဆနိုင်တော့ရုံသာမကဘဲ ဘဏ်များကိုလည်း ယုံကြည်မှုနည်းပါးလာပြီး သူတို့ရဲ့ ပိုက်ဆံများကို လက်ဝယ်သိမ်းဆည်းထားချင်တာကြောင့် အခုလို မနက်အစောကြီးထကာ ဘဏ်ရှေ့များတွင် ပင်ပင်ပန်းပန်း စောင့်ဆိုင်းထုတ်ယူနေကြရတာ ဖြစ်ပါတယ်။ တစ်ချို့ပြည်သူများမှCurfew အချိန်ထက်စောကာ တန်းစီကြတာကြောင့် ဖမ်းဆီးခံရတာမျိုးလည်း ရှိခဲ့ကြတာ ဖြစ်ပါတယ်။
အခုနောက်ပိုင်း ကုမ္ပဏီတော်တော်များများကလည်း လစာများကို ငွေသားဖြင့် တိုက်ရိုက်မပေးတော့ဘဲ Mobile Banking များဖြင့်သာ လွှဲပေးကြတော့တာ ဖြစ်တာကြောင့် အခုလို ဘဏ်တွေရှေ့မှာ အချိန်အကြာကြီး စောင့်ဆိုင်းပြီး ငွေထုတ်ရတာ အတော်လေးကို စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာငွေအချင်းချင်း လဲလှယ်ပေးတဲ့ အပြင်ဈေးကွက်ကလည်း များစွာ မြင့်တက်နေတာကြောင့် မြန်မာငွေဈေးဟာ သိသိသာသာ ကျဆင်းနေတာ ဖြစ်ပါတယ်။ တစ်ချို့ ကုမ္ပဏီများက ဘဏ်များတွင် Token စောင့်ဆိုင်းဖို့အတွက် လစာသတ်မှတ်ပြီး ဝန်ထမ်းများ ခေါ်ယူနေကြတာကိုလည်း လူမှုကွန်ယက်များတွင် မြင်တွေ့ ကြရမှာပါ။ဒီအခြေအနေကတော့ လက်ရှိပြည်သူတွေ နေ့စဉ်ရက်ဆက် ကြုံတွေ့နေရတဲ့ ပြသနာဖြစ်ပြီး အခုချိန်ထိတော့ထိန်းချုပ်နိုင်မယ့် နည်းလမ်း မရှိသေးပါဘူး။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း Make-up artist မေဦးရဲ့Facebook အကောင့်တွင် နေ့စဉ်ရက်ဆက် ဘဏ်တွေရှေ့မှာ ငွေထုတ်ဖို့အချိန်အကြာကြီး တန်းစီစောင့်ဆိုင်းနေရတဲ့ပြည်သူတွေအား သတိပေးစကားတစ်ခွန်း ပြောပြလာတာ ဖြစ်ပါတယ်။
" အနှစ်နှစ်အလလ ပင််ပင်ပန်ပန်းရှာဖွေထားတဲ့ကိုယ်ပိုင်တဲ့ငွေတွေကို ကိုယ့်သဘောနဲ့လုံခြုံမယ်လို့ထင်တဲ့ bank ဆိုတဲ့နေရာမှာစိတ်ချစွာယုံကြည်စွာအပ်နှံခဲ့ကြတယ်။ အခုတော့ မယုံကြည်ရတဲ့အခြေအနေမို့ ကိုယ်သဘောနဲ့ပဲကိုယ်ပိုင်ငွေကိုပြန်ထုတ်ဖို့လုပ်တော့ရချင်သလောက်လိုသလောက်ထုတ်ခွင့်မရတော့ဘူး။ကိုယ့်ငွေကိုယ်ပြန်ထုတ်တာတောင်ဒီလောက်ပင်ပန်းဆင်းရဲပြီးဒုက္ခရောက်နေရရင်
ဒီအာဏာရူးတွေအောက်မှာ
တခြားလူ့အခွင့်ရေးတွေအလုပ်အကိုင်တွေ
ဘာတစ်ခုမှရဖို့ မရှိဘူးဆိုတာ
ပြည်သူတွေပိုသဘောပေါက်ကြပါ။ ဒါ့ကြောင့် ဒီအာဏာရူးတွေကိုအမြစ်ပြုတ်အောင် ရတဲ့နည်းနဲ့ဝိုင်းပြီးတော်လှန်ကြပါ ??" လို့ ရေးသားဝေမျှလာတာ ဖြစ်ပါတယ်။ ပြည်သူတွေတစ်ချို့ကလည်း မေဦးရဲ့ ပို့စ်အောက်တွင် ဘဏ်တွေမှာ စောင့်ဆိုင်းရင်း ကြုံတွေ့နေကြတဲ့ သူတို့ရဲ့ အခက်အခဲတွေကို ပြောပြထားကြပါသေးတယ်။ ဒီလိုအခက်အခဲတွေကို နောင်လာနောင်သားတွေ မကြုံတွေ့ရစေရန် အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် အားလုံးပူးပေါင်းပါဝင်ပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေနော်။
Source and Photo Crd-May Oo’s Facebook Account and Original Uploader