မြန်မာပြည်သူလူထုကြီးကတော့ အရမ်းကို စည်းလုံးညီညွှတ်ကြပြီး လက်ရှိ အခြေအနေမှာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ရိုင်းပင်း ကူညီနေကြတာ ဖြစ်ပါတယ်။ဒီလိုကာလမှာ ဆိုရင် အခက်အခဲဖြစ်နေတဲ့ သူတိုင်းကို ပြည်သူတစ်ချို့က မေတ္တာဂရုဏာ အပြည့်နဲ့ ကူညီဖေးမပေးနေကြတာ ဖြစ်ပြီး ဒီထဲတွင် နွေးနွေးချစ်ဖွယ်ကလည်း တစ်ယောက်အပါအဝင် ပဲဖြစ်ပါတယ်။
အခုလို ပြည်သူတွေ ခက်ခဲနေတဲ့ အချိန်တွင် ကိုယ်တိုင်ရှာဖွေ စုဆောင်းထားတဲ့ ချွေးနည်းစာနဲ့ အလှူအတန်းတွေ ပြုလုပ်နေတာကို လည်းတွေ့ရပါတယ်။လတ်တလောမှာတော့ အွန်လိုင်းမှာ စျေးရောင်းနေကြတဲ့ မိတ်ဆွေတွေရဲ့ အခက် အခဲကို ကူညီတဲ့ အနေနဲ့ သူမရဲ့လူမူကွန်ယက် စာမျက်နှာကနေ ကုန်ပစ္စည်းတွေကို ကြော်ငြာပေးခဲ့တာ အခုဆိုရင် ၁၀ရက်တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။တချို့လည်း တော်တော် အဆင်ပြေတယ်ကြားရလို့ ဝမ်းသာပီတိဖြစ်နေကြောင်းကို အခုလို ရေးသား ဖော်ပြလာတာ ဖြစ်ပါတယ်။
"မေတ္တာဖြင့် posts တွေ ဒီနေ့ ၁၀ ရက် တိတိပြည့်ခဲ့ပြီ အခက်အခဲ အကျပ်အတည်းတွေကြားက ဆယ်မိပါစေ ဆုတောင်းမေတ္တာပို့ပေးတယ် ပီတိတွေလဲ ဖြစ်ရပါတယ် ကျေလဲကျေနပ်တယ် တချို့အတော်အဆင်ပြေတယ် ပြောကြတယ် ရှေ့ဆက်နွေးတို့ ပြည်သူပြည်သားတွေ အားလုံးခက်ခဲအုံးမှာပါ အားတင်းထားပါ ဒီကြားထဲနွေးလုပ်ချင်တာလေးလုပ်လိုက်အုံးမယ် ပြီးရင် ဘာတွေဆက်လုပ်ပေးရမလဲ နွေးမှာအစီအစဉ်လေးတွေရှိတယ် တစ်ခုပြီးတစ်ခု နွေးကြိုးစားပေးမယ် အောင်မြင်ပါစေ အဆင်ပြေပါစေ?"ဆိုပြီး ဖော်ပြပေးလာတာ ဖြစ်ပါတယ်။သူမကိုချစ်တဲ့ ပရိသတ်တွေအပြင် အနုပညာရှင် အချင်းချင်းကပါ စိတ်သဘောထားကောင်းပြီး တစ်ပါးသူကို ကူညီတာကြောင့် ဆုတောင်းစကားတွေ ပြောပေးထားကြတာကို တွေ့ရပါတယ်။
သတင်း အရင်းအမြစ်៖ Nway Nway Chit Phwel FB Account