တိုင်းပြည်ရဲ့ အနာဂတ်အတွက် အခက်အခဲတွေကြားမှာပဲ နေ့စဉ်မပြတ် ရဲရင့်တက်ကြွစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဘုန်းဆက်သွင်

//s9.kh1.co/c8/c8ac9ee355328c0f1a7c577c42e925c741d958d6.jpg
အနုပညာရှင်များ

 ၀၈-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အခုအချိန်မှာတော့ ပြည်သူတွေက သူတို့ရဲ့ ရင်တွင်း ဆန္ဒတွေကို ဆက်လက် ထုတ်ဖော်နေကြဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဆိုရင်လည်း ဒုတိယအကြိမ် နွေဦးတော်လှန်ရေးကြီးက ပြန်လည်အားကောင်းလာတာ ပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်း သေဆုံးမှုတွေနဲ့ ဒဏ်ရာရတဲ့ သူတွေက တစ်နေ့တစ်ခြား မြင့်တက်လာ နေပေမယ့်လည်း ပြည်သူတွေက အားမလျော့ဘဲ ဆက်လက် ကြိုးစား ချီတက်ကာ ဆန္ဒထုတ်ဖော်နေကြတုန်း ဖြစ်ပါတယ်။

Photo Credit- PhoneSett Thwin FB Account
Photo Credit- PhoneSett Thwin FB Account
Photo Credit- PhoneSett Thwin FB Account
Photo Credit- PhoneSett Thwin FB Account

ဧပြီလ (၂၈)ရက်နေ့ကစပြီး တစ်ဖန်ပြန်လည်ကာ အနယ်နယ်အရပ်ရပ် ကပြည်သူတွေ လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပြီး သရုပ်ဆောင် အနုပညာရှင် ဘုန်းဆက်သွင်ကလည်း ပြည်သူတွေဘက်ကနေ အခိုင်အမာ ရပ်တည်ပါဝင်နေတာ ပဲဖြစ်ပါတယ်။ဘုန်းဆက်သွင်က လူထုလှုပ်ရှားမှုကြီးမှာ အားမာန်အပြည့်နဲ့ ပူးပေါင်းပါဝင်လာတဲ့ သူဖြစ်တာကြောင့် ပရိသတ်တွေကလည်း ကျေနပ် နေကြတာ ဖြစ်ပါတယ်။နေ့စဉ်မပြတ် လမ်းမပေါ်ထွက်ကာ တရားမျှတတဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူတွေနဲ့ အတူဆန္ဒထုတ်ဖော်နေခဲ့တာ ဖြစ်ပါတယ်။

Photo Credit- PhoneSett Thwin FB Account
Photo Credit- PhoneSett Thwin FB Account
Photo Credit- PhoneSett Thwin FB Account
Photo Credit- PhoneSett Thwin FB Account

ဒီနေ့မှာဆိုရင်လည်း ဘုန်းဆက်သွင်က အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို တောင်ဉက္ကလာပ မြို့နယ်တွင် ပြည်သူ လူထုရဲ့ရှေ့ကနေဦးဆောင်ပြီး သံပြိုင်ဟစ်ကြွေးကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ပုံရိပ်တွေကို မျှဝေပေးလာတာ ဖြစ်ပါတယ်။ "ညီညာဆင်နွှဲ ရန်ကုန်တိုက်ပွဲ ကျောင်းနံရံမှာဒေါင်းအလံတွေ ပြန်တွေ့စေရမယ်အရေး တော်ပုံ အောင်ရမည်"ဆိုပြီး သူရဲ့ လူမူကွန်ယက် စာမျက်နှာထက်မှာ ရေးသားလာတာကြောင့် ပရိသတ်တွေ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit- PhoneSett Thwin FB Account
Photo Credit- PhoneSett Thwin FB Account

သတင်း အရင်းအမြစ်PhoneSett Thwin Fb Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T