စေတီတည်ဖို့အတွက် နားကပ်တစ်ရံကို လှူဒါန်းပေးသွားတဲ့ အလှူရှင်တစ်ဦးအား သာဓုအကြိမ်ကြိမ်ခေါ်ဆိုခဲ့တဲ့ ထူးခန့်ကျော်

//s9.kh1.co/6f/6faac859b613b2ba67326a044f2bab33979ac70b.jpeg
အနုပညာရှင်များ

 ០៨-ឧសភា-២០២១ ១១ព្រឹក · ៥ ឆ្នាំមុន

.

ဗီဒီယိုဇာတ်ကားများနဲ့ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူကတော့ သရုပ်ဆောင် ထူးခန့်ကျော်ပဲ ဖြစ်ပါတယ်။ သူကတော့ အနုပညာလှုပ်ရှားမှုတွေအပြင်  ထုံကျင်ကိုက်ခဲဝေဒနာ ခံစားနေရသူများကို တတ်ကျွမ်းတဲ့ ပညာရပ်ဖြင့် ကုသပေးနေတာ ဖြစ်ပါတယ်။  ဒါ့အပြင် သူကုသပေးလိုက်ပြီး ပျောက်ကင်းသွားတဲ့ ဝေဒနာရှင်များကြောင့် ကြည်နူးပီတိဖြစ်နေတာလည်း ဖြစ်ပါတယ်။

Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 

ထူးခန့်ကျော်ကတော့ ဘာသာရေးလည်း ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး နေ့စဉ်ဘုရားဝတ်ပြုတိုင်း ခုနှစ်ရက်သားသမီးများ ဘေးအန္တရာယ်ကင်းကာ စိတ်ချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပေးနေတာ ဖြစ်ပါတယ်။စေတနာရှင်များ လှူဒါန်းပေးကြတဲ့ အလှူငွေများကိုလည်း ဘုရားတည်ဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ထူးခန့်ကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် စေတီတည်ဖို့အတွက် နားကပ်တစ်ရံ လှူဒါန်းပေးသွားတဲ့ အလှူရှင်တစ်ဦးအား သာဓုအကြိမ်ကြိမ်ခေါ်ဆိုခဲ့ကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 

" သာဓုအကြိမ်ကြိမ်ခေါ်ဆိုလိုက်ရပေသည်။ သမီးငယ်မနှင်းနှင်း ကျွန်တော်စေတီတည်ဖို့ရာ၌နားကပ်တစ်ရံနှင့်ဘုရားဆွမ်းတော်ကပ်ဖို့Koreaခေါက်ဆွဲတစ်ဖာတို့အားလာရောက်ကာ ကုသိုလ်ပြုလှူဒါန်းသွားမှုအားအင်မတန်ပီတိဖြစ်လှ၍ သာဓု သာဓု သာဓုခေါ်ဆိုလိုက်ရပေသည်။ ယခုလိုလာရောက်လှူဒါန်းသွားသောကောင်းမှုကံ စေတနာတို့ကြောင့်သမီးငယ်မနှင်းနှင်းတို့မိသားစုနှင့်၇နှစ်ရက်သားသမီးများအားလုံး လာမည့်ဘေးများဝေးကြပါစေ ထိမယ့်ခလုတ်များဆုတ်ပါစေ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်ကြ၍ လိုအင်ဟူသမျှပြီးပြည့်စုံစွာရရှိကြစေပြီးကပ်ကြီးသုံးပါးတို့မှလည်းကင်းဝေးကြပြီး ကောင်းကျိုးလိုအင်ဟူသမျှ ပြီးပြည့်စုံစွာရရှိကြကာ နတ် လူသာဓုခေါ်စေဖို့ကုသိုလ်အဖြစ်တင်ပေးလိုက်ရပေသည် အားလုံးကျန်းမာလို့ချမ်းသာကြပါစေ???" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။  လှူဒါန်းပေးကြသူများအားလုံးလည်း  အလှူရေစက်လက်နဲ့မကွာ  လှူနိုင်ကြပါစေနော်။ ထူးခန့်ကျော်တစ်ယောက် ရောဂါဝေဒနာခံစားနေရတဲ့ ဝေဒနာရှင်များကိုလည်း ဒီ့ထက်မက ကုသပေးနိုင်ပါစေလို့ဆုတောင်းပေးလိုက် ရပါတယ်။

Source and Photo Crd-Htoo Khant Kyaw’s Facebook Account 

Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T