အမာရွတ်ဆိုတာရှက်စရာတစ်ခုမဟုတ်ကြောင်းကို သူမရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောပြလာခဲ့တဲ့ Miss Universe Myanmar သူဇာဝင့်လွင်

//s9.kh1.co/56/56d2e7a88a8b871148a871213184e812adb8d9b8.png
အနုပညာရှင်များ

 ၀၈-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

အမျိုးသမီးတော်တော်များများဟာ သူမတို့ရဲ့အမာရွတ်တွေကိုရှက်စရာလို့ထင်ပြီး ဖုံးကွယ်ဖို့ ကြိုးစားတတ်ကြပါတယ်။ Miss Universe Myanmar တစ်ယောက်ဖြစ်တဲ့ သူဇာဝင့်လွင်ဟာ အမာရွတ်တစ်ခုရဲ့တန်ဖိုးကို သူမရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောပြလာခဲ့ပါတယ်။ သူမအသက် (၁၉) နှစ်အရွယ်မှာ ရင်ဘတ်မှာအဆီခဲတစ်ခုတွေ့ပြီးနောက် အချိန်မီမခွဲစိတ်ရင် ကင်ဆာဖြစ်နိုင်တဲ့အခြေအနေ ရှိတာမို့ အမြန်ဆုံးခွဲစိတ်ခဲ့လိုက်ပါတယ်။ ခွဲစိတ်ထားတဲ့အမာရွတ်ကနေ အလာ့ဂျစ်တွေဖြစ်ပြီးနောက် အရင်ထက်ပိုကြီးတဲ့ အမာရွတ်ကြီး ဖြစ်သွားခဲ့ပါတယ်။ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် အနေနဲ့တော့ ဒီအမာရွတ်ဟာ စိတ်အနှောက်အယှက်ဖြစ်စေတယ်လို့ ထင်မြင်ခဲ့မှာပါ။

Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc

မော်ဒယ်လုပ်ငန်းတွေစလုပ်တဲ့အချိန်မှာတော့ ဒီအမာရွတ်ကိုလေဆာနဲ့ဖျောက်ပစ်ဖို့ စဉ်းစားပေမယ့် ဒီအမာရွတ်တစ်ခုအတွက်နဲ့ သူမရဲ့အရည်အချင်းတွေဟာ လျော့ပါးမသွားဘဲ အရင်အတိုင်းပဲရှိနေမှာ ဖြစ်တယ်လို့ ပြန်စဉ်းစားပြီးတဲ့နောက်မှာ သူမရဲ့ဘဝမှာ တွေ့ကြုံခဲ့ရတဲ့ အမှတ်တရတစ်ခုအဖြစ်နဲ့ပဲ ဒီအမာရွတ်ကိုတန်ဖိုးထားတတ်လာခဲ့တယ်လို့ဆိုပါတယ်။ သူမလိုပဲ အမျိုးသမီးတွေလည်း ကိုယ်ဖြတ်သန်းရုန်းကန်ခဲ့ရတဲ့ အမှတ်တရတစ်ခုအဖြစ်နဲ့ အမာရွတ်တွေကို ဖုံးကွယ်ဖို့မကြိုးစားဘဲ ကိုယ့်ရဲ့ဖြစ်တည်မှုကို သတ္တိရှိရှိလက်ခံပြီး ရင်ဆိုင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ သူမကိုယ်တိုင်လည်း ဒီအမာရွတ်ကြောင့်ပဲ ရင်သားကင်ဆာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေမျှဝေပေးဖို့ Miss Universe Myanmar အဖြစ် ထောက်ခံအားပေးမှုရခဲ့ပါတယ်။

Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc

အမျိုးသမီးတိုင်းဟာတန်ဖိုးရှိသူတွေဖြစ်ပြီး ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ခန္ဓာကိုယ်ရဲ့အတွင်းအပြင်တိုင်းမှာ ဘာတွေဖြစ်နေမလဲဆိုတာကို အမြဲတမ်းသတိထားပြီး တစ်ခုခု ထူးခြားတာနဲ့ သေချာကုသဖို့လိုတဲ့အကြောင်းလည်းပြောခဲ့ပါသေးတယ်။ အမျိုးသမီးတွေမှာအဖြစ်များတဲ့ ရင်သားကင်ဆာဆိုတာလည်း စောစောသိပြီး သေချာဂရုတစိုက်နဲ့ကုသရင် ပျောက်ကင်းနိုင်တဲ့ရောဂါမျိုးပါ။ ဒီလိုသိနိုင်ဖို့ဆိုတာလည်း ကိုယ်တိုင်က ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဂရုတစိုက်ရှိနေဖို့လိုပါတယ်။ အဆုံးသတ်မှာ တော့ အမာရွတ်ဆိုတာရှက်စရာမဟုတ်ကြောင်းနဲ့ ဒီအမာရွတ်ကြောင့် ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ ကိုသတိရပြီး ကျော်ဖြတ်နိုင်ခဲ့တာကို ဂုဏ်ယူနေစေဖို့ တိုက်တွန်းခဲ့ပါတယ်။ Miss Universe Myanmar တစ်ယောက်အနေနဲ့ မြန်မာအမျိုးသမီးတွေကို အခုလိုအသိပညာပေး ပြောကြားတာဟာ တကယ်ကို ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုပါပဲ။

Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc

သတင်း အရင်းအမြစ်Thu Zar Wint Lwin's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T