တောင်ဒဂုံမြို့ရှိ ဝါးတံတားအိမ်လေးတွေအတွက် သဒ္ဓါတရား နည်းများမဆို ပါဝင် လှူဒါန်းရန် တိုက်တွန်းခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

//s9.kh1.co/bb/bbaae5881de3358d5258a0ff2d8af399a852b22f.jpeg
အနုပညာရှင်များ

 ၀၈-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

အကယ်ဒမီမင်းသားကြီး ဝေဠုကျော် ကိုယ်တိုင်ဦးစီးတည်ထောင်ထားတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်လုပ်ဆောင်ကာ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်..။

လက်ရှိဖြစ်ခြေပေါ်နေတဲ့အခြေအနေတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေအပြင် လိုအပ်တာတွေဖေးမကူညီနေတာလည်း တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ ချို့တဲ့သူတွေအတွက် ပြန်လည်လှူဒါန်းနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ တောင်ဒဂုံမြို့က ဝါးတံတားအိမ်လေးတွေအတွက် အလှူခံတိုက်တွန်းလာပါတယ်..။

ဝါးတိုဝါးစ သစ်တိုသစ်လေးတွေနဲ့ စုပေါင်း ထိုးထားတဲ့ တောင်ဒဂုံ ကျူးရပ်ကွက်က ဝါးတံတားလေးဟာ အောက်ခြေဆွေးမြေ့ပြီး ကလေးတွေအပေါက်ကျွံကျနေတာကြောင့် ပြန်လည်ပြုပြင်ဆောက်လုပ်ပေးဖို့ အလှူခံတိုက်တွန်းလိုက်တာ ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

"7-5-2021

တံတားအလှူခံ

တောင်ဒဂုံ ကျူးရပ်ကွက်လေးထဲက ဝါးတံတားလေးဟာ အောက်ခြေတွေဆွေးမြေ့ပြီး ကလေးတွေ အပေါက်ကျွံကျနေတာကြောင့် ပြုပြင်ပေးဖို့ အလှူခံလာပါတယ်။

မိုးတွင်းအခါ အနိမ့်ပိုင်းအိမ်တွေဖြစ်လို့ တံတားနဲ့သွားလာမှ အဆင်ပြေနိုင်တာပါ။

ဆင်းရဲသားရပ်ကွက်လေးဖြစ်လို့ ဝါးတိုဝါးစ သစ်တိုသစ်လေးတွေနဲ့ စုပေါင်း ထိုးထားကြတာပါ။

အသက်သေဆုံးမယ့်နေ့ကိုတောင် ရွေ့ပြောင်းပေးနိုင်တဲ့ တံတားအလှူလေးအတွက် နည်းများမဆို ဝိုင်းဝန်း လှူပေးကြပါဦးရှင့်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010(K Pay)(U Soe Thein)

09455500014

09776089484(wave acc).." ဆိုပြီး အသိပေးတိုက်တွန်းထားတာ ဖြစ်ပါတယ်..။

ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ တတ်နိုင်သလောက်လှူဒါန်းနေသလို လိုအပ်ပြီးခက်ခဲနေကြသူတွေအတွက်လည်း ဖြည့်ဆည်းလှူဒါန်းနိုင်ဖို့ စေတနာရှင်တွေဆီမှာ အလှူခံတိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T