လူကြမ်းသရုပ်ဆောင် ကိုကိုဦးရဲ့ သားချောလေး သီဟအောင်ကတော့ အကယ်ဒမီရွှေကြိုကနေတဆင့် အနုပညာလောကထဲက စတင်ဝင်ရောက်လာခဲ့ပြီး ကြော်ငြာတွေရိုက်ကူးကာ အောင်မြင်မှုတွေ အထိုက်အလျောက်ရရှိထားသူပဲ ဖြစ်ပါတယ်..။

သီဟအောင်ကတော့ လက်ရှိအခြေအနေတွေမှာ အားလုံးနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေကိုဝေမျှပြောပြတတ်သလို သူ့ရဲ့နေအိမ်ဖောက်ထွင်းခံလိုက်ရတဲ့အကြောင်းတွေကိုလည်း ပြောပြလာပါတယ်..။

Photo Credit - Lynn Eain Kha Photography
Photo Credit - Thiha Aung's Fb Acc

နေ့လည်ပိုင်း ၁နာရီ ဝန်းကျင်လောက် အပြင်ခဏထွက်နေချိန်မှာပဲ အိမ်ဖောက်ခံလိုက်ရတာဖြစ်ပြီး ငွေသား(၂)သိန်းကျော်၊ အရေးကြီးတဲ့ စာရွက်စာတမ်း၊ ကားစာအုပ်၊ မြေဂရံစာချုပ်နဲ့ အခြားပစ္စည်းတွေလည်း ပါသွားတယ်လို့ သိရပါတယ်..။

မွှေနှောက်ရှာဖွေသွားပြီး ဖောက်ထွင်းခံလိုက်ရတဲ့ အိမ်အတွင်းပိုင်းပုံတွေကိုလည်း သီဟအောင်က ဓာတ်ပုံတွေနဲ့အတူ ဝေမျှရင်း စိတ်မကောင်းစွာ ပြောပြထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Thiha Aung's Fb Acc
Photo Credit - Thiha Aung's Fb Acc

"🙏🙏

ကျွန်တော့်အိမ် နေ့လည်၁၂နာရီ၁နာရီ ဝန်းကျင်မှာ အပြင်ခဏထွက်နေချိန်မှာပဲ ဖောက်ခံလိုက်ရပါတယ်ဗျာ.. အရေးကြီးသော စာရွက်စာတမ်း မြေဂရံစာချုပ်များ ကားစာအုပ် (YGN 9E-5677)၊ ငွေသား ၂သိန်းကျော် နှင့် အခြားပစ္စည်းများ ပါသွားပါသည်.. ကျွန်တော့် Fans တွေ ပေးထားတဲ့ ပစ္စည်းတွေပါ ပါသွားလို့ပါ.. ကျေးဇူးပြု၍ ဝိုင်းဝန်းShareပေးကြပါခင်ဗျာ🙏🙏ပြင်ဦးလွင်.." ဆိုပြီး ရေးသားပြောပြထားတာပါ..။

အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေအားလုံးကလည်း အခုလိုခက်ခဲနေကြတဲ့အချိန်မှာ အိမ်ဖောက်ထွင်းခံလိုက်ရတဲ့ သီဟအောင်အတွက် အားပေးစကားတွေနဲ့အတူ ဂရုစိုက်ဖို့ကိုလည်း သတိပေးပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Thiha Aung's Fb Acc
Photo Credit - Thiha Aung's Fb Acc

သတင်းအရင်းမြစ်: Thiha Aung's Fb Acc



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။