အသက်ငယ်ပေမယ့် သတ္တိမနည်းခဲ့တဲ့ မေတိုးခိုင်အတွက် သတိတရနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ စံထိပ်ထားဦး

//s9.kh1.co/95/954a6189cbb8705d4b4d729ed7195bc6de31b446.png
အနုပညာရှင်များ

 ០៧-ឧសភា-២០២១ ៣ល្ងាច · ៥ ឆ្នាំមុន

..

အသက်ငယ်ငယ်လေးနဲ့ တိုင်းပြည်အတွက်အနစ်နာခံရင်း အကျဉ်းကျခံနေရတဲ့ မေတိုးခိုင်ဟာ ဒီနေ့မှာ အသက် (၂၆) နှစ်ပြည့်ခဲ့ပါပြီ။ အညွန့်တလူလူနဲ့ တက်လမ်းတွေအများကြီးရှိနေတဲ့ သူမအတွက်တော့ ခုလိုအကျဉ်းကျခံနေရတာ တကယ်ကိုစိတ်မကောင်းစရာပါပဲ။ အဒေါ်ဖြစ်သူ အူဝဲလည်း ထိန်းသိမ်းခံခဲ့ရပြီး တူဝရီးနှစ်ယောက်လုံး အကျဉ်းကျခံနေရတာပဲဖြစ်ပါတယ်။ အသက်ငယ်ပေမယ့် အနုပညာအရည်အသွေး မနိမ့်သလို သတ္တိလည်းမနည်းခဲ့တဲ့ မေတိုးခိုင်ကို သူမရဲ့ပရိသတ်တွေက ပြန်လည်လွတ်မြောက်လာစေဖို့ အတွက် အမြဲတမ်းသတိတရနဲ့ ဆုတောင်းပေးနေခဲ့ပါတယ်။

Photo Credit - San Htake Htar Oo's FB Acc
Photo Credit - San Htake Htar Oo's FB Acc

ပွဲတွေအတူတူတက်ပြီး ရင်းနှီးခဲ့ကြတဲ့ စံထိပ်ထားဦးဟာလည်း အမတစ်ယောက်လိုချစ်ရတဲ့ မေတိုးခိုင်ရဲ့ မွေးနေ့မှာ နှစ်ယောက်အတူရိုက်ထားတဲ့ အမှတ်တရပုံလေးနဲ့ " Happy Birthday to my bravest sister " ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ ပရိသတ်တွေအတွက်လည်း တကယ့်ကို ရဲရင့်တဲ့အနုပညာရှင် တစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အမှတ်တရမွေးနေ့လေးကို ပျော်ပျော်ရွှင်ရွှင်မဖြတ်သန်းနိုင်ဘဲ အခုလိုချုပ်နှောင်ခံထားရတဲ့အတွက်တော့ အားလုံးက စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။

Photo Credit - San Htake Htar Oo's FB Acc
Photo Credit - San Htake Htar Oo's FB Acc
Photo Credit - San Htake Htar Oo's FB Acc
Photo Credit - San Htake Htar Oo's FB Acc

အဒေါ်ဖြစ်သူ အူဝဲကိုထိန်းသိမ်းပြီး သိပ်မကြာခင်မှာပဲ သူမလည်းထပ်မံဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အနေအစားဆင်းရဲတဲ့နေရာမှာ ဖူးတစ်ယောက်အဆင်မှပြေပါ့မလားလို့ သူမရဲ့ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။ ပြည်သူနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ဖူးဖူးလေး အမြန်ဆုံး ပြန်လည်လွတ်မြောက်ပြီး အရင်ထက်ပိုတဲ့ အနုပညာအလုပ်တွေ အများကြီးလုပ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

Photo Credit - San Htake Htar Oo's FB Acc
Photo Credit - San Htake Htar Oo's FB Acc

သတင်း အရင်းအမြစ် San Htake Htar Oo's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T