အန်ကယ်လေးရဲ့ အသက် (၅၁) နှစ်ပြည့်မွေးနေ့မှာ ရင်ထဲကမေတ္တာစကားတွေနဲ့ ဆုတောင်းပေးခဲ့တဲ့ ခိုင်သင်းကြည်

//s9.kh1.co/af/af8df8279b726f8f56db76e39dcb93516ed8a7c7.png
အနုပညာရှင်များ

 ០៧-ឧសភា-២០២១ ១២ល្ងាច · ៥ ឆ្នាំមុន

..

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သရုပ်ဆောင်လူမင်းဟာ ဒီနေ့မှာ အသက် (၅၁) နှစ်ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ အမှတ်တရနေ့လေးမှာ မိသားစုနဲ့အတူမရှိနိုင်တာ စိတ်မကောင်းစရာပါပဲ။ ချစ်ခင်ရတဲ့ အနုပညာရှင်မောင်နှမတွေဟာလည်း အန်ကယ်လေးရဲ့ မွေးနေ့မှာ အချုပ်အနှောင်တွေကနေ လည်း အမြန်ဆုံးလွတ်မြောက်ဖို့ဆုတောင်းပေးကြပါတယ်။ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်တဲ့ အနုပညာရှင်ဖြစ်တာကြောင့် ပြည်သူတွေကလည်း အန်ကယ်လေးအတွက် ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါ တယ်။ အားလုံးပို့သတဲ့ မေတ္တာတွေကြောင့် အန်ကယ်လေးတစ်ယောက်ဘေးရန်ကင်းပါစေ။

Photo Credit - Khine Thin Kyi's FB Acc
Photo Credit - Khine Thin Kyi's FB Acc

အနုပညာမောင်နှမလည်းဖြစ် ဇာတ်ကားတော်တော်များများမှာလည်း အတူတွဲသရုပ်ဆောင်ဖူးတဲ့ ခိုင်သင်းကြည်ကလည်း အန်ကယ်လေးရဲ့မွေးနေ့မှာ " Happy Birthday အန်ကယ်လေး နေကောင်းကျန်းမာ ပါစေ နောက်မွေးနေ့တိုင်းမှာ အခုလိုမိသားစုနဲ့ ဝေးကွာနေရတဲ့အဖြစ်မျိုး ဘယ်တော့မှာမကြုံရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်နော် " ဆိုပြီး မွေးနေ့ဆုတောင်းစကား ပြောခဲ့ပါတယ်။ အန်ကယ်လေးအတွက် အားလုံးကစိတ်မကောင်းဖြစ်နေကြတာပါ။ အမှတ်တရနေ့လေးတွေဆိုတာ မိသားစုနဲ့အတူတူဖြတ်သန်းမှ အဓိပ္ပါယ်ရှိတာမျိုးပါ။

Photo Credit - Khine Thin Kyi's FB Acc
Photo Credit - Khine Thin Kyi's FB Acc
Photo Credit - Khine Thin Kyi's FB Acc
Photo Credit - Khine Thin Kyi's FB Acc

တိုင်းပြည်အတွက်စွန့်လွှတ်အနစ်နာခံပြီး ချုပ်နှောင်ခံနေရတဲ့ အန်ကယ်လေးအတွက် ပြည်သူတစ်ရပ်လုံးကလည်း မေတ္တာတွေနဲ့ ဆုမွန်ကောင်းတောင်းပေးနေကြပါတယ်။ အချုပ်အနှောင်တွေကြားထဲကနေပဲ ပြတ်သားတဲ့ရပ်တည်ချက်တွေက ပြည်သူတွေနဲ့ ထပ်တူရှိနေမှာပါ။ မိသားစုနဲ့အမြန်ဆုံးပြန်လည်ဆုံစည်းပြီး ပျော်စရာကောင်းတဲ့ အနာဂတ်တွေကို ဖန်တီးနိုင်ပါစေလို့ မွေးနေ့ဆုတောင်းပေးပါတယ် အန်ကယ်လေးရေ။

Photo Credit - Khine Thin Kyi's FB Acc
Photo Credit - Khine Thin Kyi's FB Acc

သတင်း အရင်းအမြစ် Khine Thin Kyi's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T