ဖြိုခွင်းမှုတွေကြားထဲကနေ ရဲစွမ်းသတ္တိအပြည့်နဲ့ ရှေ့ကနေဦးဆောင်ကာ အားမာန်အပြည့်နဲ့ ဟစ်ကြွေးရင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဘုန်းဆက်သွင်

//s9.kh1.co/01/01f4d94733ca259e9bd6a1217c04e3b4cae90c0f.jpg
အနုပညာရှင်များ

 ၀၇-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင် သရုပ်ဆောင် ဘုန်းဆက်သွင်ကတော့ဇာတ်လမ်းတွဲတွေ များစွာကို ရိုက်ကူးထားသူ ဖြစ်ပြီး ကျရာနေရာမှာ အကောင်းဆုံး လုပ် ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတာ ပဲဖြစ်ပါတယ်။ဘုန်းဆက်သွင်က လက်ရှိမြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ရဲဝင့်စွာ အားကြိုးမာန်တက်နဲ့ ပူးပေါင်းပါဝင် အားဖြည့်ကာ ပြည်သူတွေဘက်ကနေ အခိုင်အမာ ရပ်တည်ပေးနေတာ ကြောင့် ပရိသတ်တွေကလည်း ပိုပြီးအားပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit -PhoneSett Thwin FB Account
Photo Credit -PhoneSett Thwin FB Account
Photo Credit -PhoneSett Thwin FB Account
Photo Credit -PhoneSett Thwin FB Account

လူထု လှုပ်ရှားမှုတွေမှာ ပါဝင်ရင်း ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရပေမယ့်လည်း ဒီနေ့အချိန်အထိ ဇွဲမလျော့ဘဲ အင်တိုက်အားတိုက် ရရင်ရသလို လှုပ်ရှားနေတုန်း ပဲဖြစ်ပါတယ်။သူရဲ့ Facebook စာမျက်နှာကနေ တစ်ဆင့်လည်း သတင်းအချက် အလက်တွေ၊လှုပ်ရှားမှု ကမ်းပိတ်တွေနဲ့ အခက်အခဲဖြစ်နေတဲ့ လူတွေကို အလှူရှင်တွေ လှူနိုင်အောင် တင်ပေးနေတာကို တွေ့ရပါတယ်။နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် တက် တက်ကြွကြွနဲ့ လမ်းပေါ်ထွက်လှုပ်ရှားသလို အလှူအတန်းတွေ ပြုလုပ်ပြီး လူ အင်အား၊ငွေအင်အားတွေနဲ့ပါ ကြိုးစားလုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

Photo Credit -PhoneSett Thwin FB Account
Photo Credit -PhoneSett Thwin FB Account
Photo Credit -PhoneSett Thwin FB Account
Photo Credit -PhoneSett Thwin FB Account
Photo Credit -PhoneSett Thwin FB Account
Photo Credit -PhoneSett Thwin FB Account

ယနေ့ မေလ(၇)ရက်နေ့မှာ ဘုန်းဆက်သွင်က ပြည်သူတွေနဲ့ အတူ ရဲရင့်တက်ကြွစွာ သွေးမအေးပဲ ရှေ့ကနေဦးဆောင်ကာ အားအင်အပြည့်နဲ့ ဟစ်ကြွေးရင်း အာရုဏ်ဦး သပိတ်ကို ပြုလုပ်ခဲ့တာ ပဲဖြစ်ပါတယ်။သူရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် "ဘယ်တော့မှသွေးမအေးဘူး တော်လှန်ရေး-၉၆ ရက်မြောက်နေ့ အာရုဏ်ဦးသပိတ်"ဆိုပြီး ပုံရိပ်တွေကို မျှဝေပေးလာတာ ဖြစ်ပါတယ်။ဖြိုခွင်းမှုတွေရှိနေတဲ့ အခက်အခဲတွေကြားထဲကနေ သတ္တိအပြည့်နဲ့ လမ်းပေါ်ထွက်ခဲ့တဲ့ ဘုန်းဆက်သွင်ရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်.....

Photo Credit -PhoneSett Thwin FB Account
Photo Credit -PhoneSett Thwin FB Account
Photo Credit -PhoneSett Thwin FB Account
Photo Credit -PhoneSett Thwin FB Account
Photo Credit -PhoneSett Thwin FB Account
Photo Credit -PhoneSett Thwin FB Account

သတင်း အရင်းအမြစ်PhoneSett Thwin FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T