သရုပ်ဆောင်ကောင်းသလို စကားပြောလည်း ပွင့်လင်းတာကြောင့် ပရိသတ်တွေတစ်ခဲနက်အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်မင်းသမီးတွေထဲမှာ ဘေဘီမောင်ကလည်း အပါအဝင်ပါပဲ..။

ဘေဘီမောင်ကတော့ အောင်မြင်မှုတွေနဲ့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းရပ်တည်နေသလို အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်ကုသိုလ်ယူတတ်တာလည်း တွေ့ရပါတယ်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

ဘေဘီမောင်ကတော့ လက်ရှိအခြေအနေတွေမှာ လိုအပ်နေတဲ့ပြည်သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှု​တွေနဲ့ ဖေးမကူညီနေသလို အလှူအတန်းတွေလုပ်နေရရင် ပီတိဖြစ်ရတာတွေကိုလည်း ပြောပြလာပါတယ်..။

ဒီကနေ့မှာ သံဃာတော်တွေကို ဆွမ်းကပ်လှူကာ တစ်ပါးချင်းစီအတွက် ဝတ္တုငွေတွေလည်း ကိုယ်တိုင်ကပ်လှူကာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကိုလည်း ဝေမျှထားပါသေးတယ်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

"လှူရတန်းရရင် ပီတိဖြစ်သောကျမ🙏🏻

အလှူရေစက် လက်နဲ့မကွာ🙏🏻🙏🏻🙏🏻.." ဆိုပြီး အလှူပုံရိပ်တွေကို ဘေဘီမောင်က ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

အလှူအတန်းတွေကို မကြာခဏပြုလုပ်ရင်း ကောင်းမှုကုသိုလ်ယူတတ်တဲ့ ဘေဘီမောင်ရဲ့ အလှူတွေကို ပရိသတ်တွေအားလုံးက သာဓုခေါ်ကာ ဆုတောင်းပေးထားကြတာကိုလည်း Comment တွေမှာ တွေ့ရပါတယ်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

သတင်းအရင်းမြစ်: Baby Maung's Fb Acc


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။