မွေးနေ့အလှူအဖြစ် ပညာမြေကျောင်းက သံဃာတော်နဲ့ မိဘမဲ့ကလေးတွေအတွက် လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ မေခလာ

//s9.kh1.co/cd/cd6a477b1bc8150965061240c25d9884dfa66a30.jpeg
အနုပညာရှင်များ

 ၀၄-မေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုအေးအေးလေးနဲ့ ဂီတအနုပညာပိုင်းမှာ သီချင်းကောင်းတွေများစွာ ထွက်ရှိထားကာ ပရိသတ်အားပေးမှုတွေနဲ့ အောင်မြင်နေသူကတော့ အဆိုတော်မေခလာပဲ ဖြစ်ပါတယ်..။

ချစ်ငယ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မေခလာကတော့ လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာ အလှူအတန်းတွေကို တတ်နိုင်သလောက် ပြုလုပ်နေတာ ဖြစ်ပါတယ်..။

Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc

လိုအပ်နေသူတွေအတွက် လှူဒါန်းမှုတွေလည်း ပြုလုပ်နေတဲ့ ချစ်ငယ်ကတော့ ဒီကနေ့မှာလည်း သူမရဲ့မွေး​နေ့အလှူအဖြစ် ပညာမြေကျောင်းက သံဃာတော်တွေနဲ့ မိဘမဲ့ကလေးတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်..။

ပုလဲမြို့သစ် ပညာမြေကျောင်းမှာ သံဃာတော်တွေကို နေ့ဆွမ်းနဲ့ ဝတ္တုငွေတွေကပ်လှူခဲ့တဲ့အပြင် မိဘမဲ့ကလေးငယ်တွေအတွက်လည်း အာဟာရဒါနအလှူတွေပြုလုပ်ကာ မွေးနေ့ကုသိုလ်ယူရင်း ဆုတောင်းစကားတွေလည်း ဆိုထားတာ ဖြစ်ပါတယ်..။

Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc

"ပုလဲမြို့သစ် ပညာမြေကျောင်း သင်္ကန်းကျွန်းကြီးမှာ ချစ်ငယ်မွေးနေ့ အလှုလေး လုပ်ခဲ့ပါတယ် 

မိဘမဲ့ ကလေးတွေကိုပြုစု့စောင့်ရှောက်နေတဲ့ ဆရာတော်ဘုရား သက်တော်ရာကျော်ရှည်ပါစေ ???

နေ့ဆွမ်းအလှုနဲ့ ဝတ္ထုငွေ ၅ သိန်း လှုခဲ့ပါတယ်

ဒီချိန်မှာ လိုအပ်တဲ့နေရာတွေမှာ အများကြီးလှုချင်ပေမယ့် အခွင့်ရေးမရခဲ့ပါဘူး 

နောက်နှစ်တွေမှာ အများကြီးလှူနိုင်ရပါစေ တပည့်တော်မရဲ့ လက်တစုံသည် အများအတွက်ပေးဆပ်နိုင်တဲ့သူ ဖြစ်ရပါစေသား ???.." ဆိုပြီး အလှူပုံရိပ်တွေကို ဝေမျှထားတာပါ..။

ချစ်ငယ်ရဲ့ မွန်မြတ်တဲ့မွေးနေ့အလှူ ကုသိုလ်ပုံရိပ်တွေကို ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းစကားတွေနဲ့ အားပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc
Photo Credit - May KhaLar's Fb Acc

သတင်း အရင်းအမြစ်May KhaLar's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T