ကိုရီးယားနိုင်ငံကကျောင်းမှာပြုလုပ်တဲ့ မြန်မာပြည်အတွက် အထူးသတိရဆုတောင်းခြင်းပွဲမှာ တက်တက်ကြွကြွပါဝင်ခဲ့သူလေး နော်မာသာထူးဝါး

//s9.kh1.co/86/867f428522971773f87d5f5b476bcd38f4773eac.png
အနုပညာရှင်များ

 ၀၄-မေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

" အိမ်လေးတစ်လုံးလိုချင်တယ် " သီချင်းနဲ့ မြန်မာပရိသတ်တွေရဲ့ အပြည့်အဝအားပေးမှုကို ရခဲ့တဲ့ ကရင်တိုင်းရင်းသူလေး နော်မာသာထူးဝါး (ခ) ဖိုးမူကြီးဟာ တေးရေးဦးထူးဝါးရဲ့ မျိုးဆက်ဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ခြေရာကိုအပြည့်အဝနင်းဖို့ ကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ (ထိုင်း၊ကိုရီယား၊အင်္ဂလိပ်၊မြန်မာ၊ကရင်) စတဲ့ ဘာသာစကားငါးမျိုးတတ်ကျွမ်းပြီး အသက် (၈) နှစ်အရွယ်ထိ ထိုင်းနိုင်ငံမှာနေထိုင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူဦးထူးဝါးဆုံးပြီးနောက်မှာတော့ ကျန်ခဲ့တဲ့ မိသားစုတွေဟာ ကိုရီးယားနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့တာ ယနေ့ထက်ထိပါပဲ။

Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အရေးအခင်းနဲ့ပတ်သက်ပြီး သူမတတ်နိုင်သလောက် ပါဝင်ပေးခဲ့ပါ သေးတယ်။ ဒီနေ့မှာလည်း ဖိုးမူကြီးတို့ကျောင်းမှာကျင်းပတဲ့ မြန်မာပြည်အတွက် အထူးသတိရ ဆုတောင်းခြင်းအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ပုံရိပ်တွေကို သူမရဲ့လူမှုကွန်ယက်မှာဝေမျှပေးခဲ့ပါတယ်။ အသက်ငယ်ပေမယ့် ကိုယ့်နိုင်ငံအရေးအတွက် ရတဲ့ဖက်က တတ်နိုင်သလောက်ကြိုးစားပေးနေတဲ့ ခံယူချက်နဲ့စိတ်ဓာတ်ကတော့ တကယ်ကိုလေးစားစရာပါ။ မောင်နှမသုံးယောက်ထဲမှာလည်း အကြီးဆုံးသမီးဖြစ်တာနဲ့အညီ မိခင်ဖြစ်သူအားကိုးရအောင် လိမ္မာတဲ့သမီးလေးတစ်ယောက် ဖြစ်ပေးခဲ့ပါတယ်။

Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc

အစီအစဉ်ပြုလုပ်စဉ်က မှတ်တမ်းတင်ခဲ့တဲ့ ပုံရိပ်တွေကို " ဒီနေ့ ဖိုးမူကြီးတို့ကျောင်းမှာ မြန်မာပြည်အတွက် အထူးသတိရဆုတောင်းခြင်း အစီအစဉ်ပြုလုပ်ခဲ့ပါတယ်။ မြန်မာပြည်ကြီးကအခက်အခဲကို ကမ္ဘာအရပ်ရပ်က ပြည်သူတွေမေ့မထားပါဘူး။ သတိတရဆုတောင်းပေးနေတာကြောင့် မြန်မာပြည်သားတွေလည်း အားတင်းထားပေးပါ။ အောင်ပွဲကို ရောက်အောင်ချီတက်ပါ။ အရေးတော်ပုံအောင်ရမည်။ " ဆိုပြီး ဝေမျှခဲ့ပါတယ်။

Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc

သတင်း အရင်းအမြစ်Martha Htoowah's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T