လှိုင်သာယာမှ သက်တော် ၈၅ နှစ်ရှိပြီဖြစ်တဲ့ဆရာတော်အား လိုအပ်သော စားနပ်ရိက္ခာများ ကိုယ်စား သွားရောက် ကပ်လှူပေးခဲ့တဲ့ အေးသီတာ

//s9.kh1.co/b8/b81df2310da3b6965ee5d4b3bb77401855f9cd3a.jpeg
အနုပညာရှင်များ

 ၀၄-မေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများတွင် ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့သူကတော့ ဇာတ်ပို့သရုပ်ဆောင် အေးသီတာပဲ  ဖြစ်ပါတယ်။ သူမကတော့  ဆယ်စုနှစ်တွေများစွာတိုင်အောင် အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင်  ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ဘဝလေး ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။

Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 

လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေကို တတ်နိုင်သလောက် ကူညီပေးနေတာလည်း  ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်မလှူဒါန်းနိုင်ကြသူများအတွက် သူမကိုယ်တိုင်  အဆင်မပြေတဲ့နေရာများသို့ သွားကာ ထောက်ပံ့လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း  အေးသီတာရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  လှိုင်သာယာမှ သက်တော် ၈၅ နှစ်ရှိပြီဖြစ်တဲ့ဆရာတော်တစ်ပါးအား လိုအပ်သော စားနပ်ရိက္ခာများကို အောင်ဇမ္ဗူဆရာတော်ဘုရား ကိုယ်စားသွားလှူပေးခဲ့တဲ့ပုံရိပ်တွေကို တင်ထားတာ ဖြစ်ပါတယ်။

Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 

သူမကလည်း " သက်တော်၈၅နှစ်ရှိပီဖြစ်တဲ့ရွှေလင်ပန်းစက်မူဇုန်ကကျမ်းပြုဆရာတော်ကျောင်းကိုအောင်ဇမ္ဗူဆရာတော်မွေးနေ့အကြိုဆန်၁၀အိတ်၊ ဆီ၅ပုံး၊ ကြက်ဥ ၁၀ကတ် ဆရာတော်ကိုယ်စားသွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ အရမ်းလိုအပ်တဲ့သက်ကြီးဝါကြီးကျမ်းပြုဆရာတော်တစ်ပါးကိုအောင်ဇမ္ဗူဆရာတော်ကိုယ်စားလှူဒါန်းခွင့်ရတဲ့အတွက်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

??????

ဆရာတော်ကြီးကသက်တော်အလွန်ကြီးပြီ ဖြစ်တဲ့အတွက်နေ့စဥ်ပုံမှန်မှီဝဲတဲ့ဆေးဝါးဖိုးလေးလှူနိုင်အောင်ကြိုးစားနေပါတယ်" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။  ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အခုလိုကူညီပေးနေတဲ့ အေးသီတာရဲ့ စိတ်ထားလေးက အရမ်းကို မွန်မြတ်လှပါတယ်နော်။ စိတ်ကူးထားတဲ့အတိုင်း  အလှူအတန်းတွေ မြောက်များစွာ လှူနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက် ရပါတယ်။

Source and Photo Crd-Aye Thida’s Facebook Account 

Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T