ဘေးကင်းလုံခြုံတဲ့နေရာတွင် ရှိနေတာကြောင့် ပရိသတ်တွေ စိတ်မပူစေကြဖို့ ရေးသားပြောပြလာတဲ့ ခေးဆက်သွင်

//s9.kh1.co/05/059d6b7eab7ee47ffa47110c81340ac1178b5802.jpeg
အနုပညာရှင်များ

 ၀၄-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ အနုပညာရှင်တစ်ချို့ကလည်း အတူပူးပေါင်းပါဝင် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒီအနုပညာရှင်တွေထဲတွင် သရုပ်ဆောင် ခေးဆက်သွင်လည်း  တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ ဓမ္မဘက်ကနေ အခိုင်အမာရပ်တည်ခဲ့တဲ့ သူမကို ပရိသတ်တွေက လေးစားဂုဏ်ယူနေကြတာလည်း  ဖြစ်ပါတယ်။ 

Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 

 အခုလိုပါဝင်ခဲ့တဲ့အတွက် ခေးဆက်သွင်ကို ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားကြတာ ဖြစ်ပါတယ်။ လူမှုကွန်ယက်တွင် အချိန်အတော်ကြာပျောက်ကွယ်နေတဲ့ ခေးဆက်သွင်ကို စိတ်ပူနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်က သူမရဲ့ Facebook Account တွင်ဘေးကင်းလုံခြုံတဲ့နေရာတွင် ရှိနေတာကြောင့် ပရိသတ်တွေစိတ်မပူစေကြဖို့ ရေးသားပြောပြလာတာ ဖြစ်ပါတယ်။ 

Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 

သူမကလည်း " Internetမရတဲ့နေရာမှာ ပုန်းအောင်းနေတာ ၁လလောက်ရှိပါပြီ...ဘေးကင်းနေပါသေးတယ်..စိတ်မပူကြပါနဲ့နော်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီပို့စ်အောက်မှာလည်း သူမကိုချစ်တဲ့ ပရိသတ်များကအစစအရာရာဂရုစိုက်ပြီးနေဖို့ comment တွင်ရေးသားထားကြတာ ဖြစ်ပါတယ်။ ခေးဆက်သွင်တစ်ယောက်ဘေးအန္တရာယ်ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Khay Sett Thwin’s Facebook Account 

Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T