ဒီကာလမှာ ခက်ခဲနေကြသူများအား အချင်းချင်းဖေးမကြရင်း ခရီးဆုံးကို အမြန်ဆုံးရောက်ရှိပါစေလို့ ဆုတောင်းပေးနေတဲ့ ယွန်းယွန်း

//s9.kh1.co/f5/f592d49f07f491b3c84910e5387242fdbf638298.jpeg
အနုပညာရှင်များ

 ၀၄-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိဖြစ်ပေါ်နေတဲ့  အခြေအနေများကြောင့်  စားဝတ်နေရေးအဆင်မပြေကြတဲ့ ပြည်သူတွေဒုနဲ့ဒေးရှိနေကြတာ  ဖြစ်ပါတယ်။ ဒီအခက်အခဲတွေကို  ပြည်သူတွေ အချင်းချင်းကပဲ  စည်းလုံးညီညွတ်စွာ ကူညီဖြေရှင်းပေးနေကြတာကို မြင်တွေ့ရသည်မှာ ကြည်နူးစရာကောင်းလှပါတယ်။ အနုပညာရှင်များကလည်း  သူတို့ရှာဖွေထားတဲ့ ချွေးနည်းစာများဖြင့် စားဝတ်နေရေးမပြေလည်ကြသူများကို လိုအပ်တဲ့ စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေကြတာ ဖြစ်ပါတယ်။

Photo Crd-Yoon Yoon’s Facebook Account 
Photo Crd-Yoon Yoon’s Facebook Account 
Photo Crd-Yoon Yoon’s Facebook Account 
Photo Crd-Yoon Yoon’s Facebook Account 

သို့ပေမယ့်လည်းလူတစ်ယောက်ချင်းစီကို  အဆင်ပြေသွားအောင် ကူညီပေးဖို့ကတော့ အရမ်းကို ခက်ခဲလွန်းလှပါတယ်။ မနေ့ညကလည်း ယွန်းယွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပို့စ်တစ်ခုကို ပြန်လည်ဝေမျှပေးထားတာ ဖြစ်ပါတယ်။ ဒါကတော့  ပြည်သူတစ်ဦးမှ အရေးပေါ်ငွေလိုနေတဲ့အတွက် ထမင်းပေါင်းအိုး၊ ဒယ်အိုး၊ မီးပူတွေအပေါင်ခံတဲ့ နေရာကို မေးထားတာ ဖြစ်ပါတယ်။ ယွန်းယွန်းကလည်း ဒီကာလမှာ အခက်အခဲတွေမျိုးစုံနဲ့ရင်ဆိုင်နေရတဲ့ ပြည်သူတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတာပါ။

Photo Crd-Yoon Yoon’s Facebook Account 
Photo Crd-Yoon Yoon’s Facebook Account 
Photo Crd-Yoon Yoon’s Facebook Account 
Photo Crd-Yoon Yoon’s Facebook Account 

သူမကလည်း " အသက်တွေရင်းပြီးတော့

ဘဝတွေပါထပ်ရင်းနေကြရတယ် ?

အချင်းချင်းဖေးမရင်းခရီးဆုံးကိုမြန်မြန်ရောက်ပါစေ ??" ဆိုပြီး ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ ခက်ခဲနေတဲ့ ပြည်သူတွေကို အချင်းချင်းကူညီပေးကြရင်း စစ်မှန်တဲ့ ဒီမိုကရေစီကို ပြန်လည်ရရှိအောင် ကြိုးစားသွားကြရမှာပါ။ အားလုံးလည်း ဒီကာလမှာကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေ အမြန်ဆုံး ကင်းဝေးနိုင်ပါစေလို့လည်းဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Orginal Uploader and Yoon Yoon’s Facebook Account 

Photo Crd-Yoon Yoon’s Facebook Account 
Photo Crd-Yoon Yoon’s Facebook Account 
Photo Crd-Yoon Yoon’s Facebook Account 
Photo Crd-Yoon Yoon’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T