ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အကယ်ဒမီထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်ထားကာ အောင်မြင်နေတဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း လုပ်ဆောင်နေသူကတော့ မင်းသားဝေဠုကျော်ပဲ ဖြစ်ပါတယ်..။
ဝေဠုကျော်ကတော့ ဖောင်ဒေးရှင်းကို တည်ထောင်ထားကာ လက်ရှိအခြေအနေတွေမှာလည်း အခက်အခဲတွေကြုံတွေ့နေကြတဲ့ ပြည်သူတွေအတွက် နေ့တိုင်းလိုလို လှူဒါန်းမှုတွေပြုလုပ်နေတာလည်း တွေ့ရပါတယ်..။
ဝေဠုကျော်ကတော့ ဖောင်ဒေးရှင်းက အဖွဲ့သားတွေနဲ့အတူ ဒီကနေ့မှာလည်း တောင်ဥက္ကလာ ကျူးက ကလေး၇ယောက်ရှိတဲ့ ပလုံကောက်မိသားစုလေးအတွက် ကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံကာ အိမ်အမိုးကာပေးနေတာ တွေ့ရပါတယ်။
အိမ်အမိုးကာနေတဲ့ ကုသိုလ်ယူပုံရိပ်တွေကို ဝေမျှရင်း ကျူးအိမ်မိသားစုထဲက အနာပေါက်ပြီး ပိုးဝင်နေတဲ့ အငယ်ဆုံးအမွှာကလေးလေးအတွက် အလှူငွေတွေလှူဒါန်းခဲ့တဲ့အကြောင်းတွေကိုလည်း အသိပေးပြောပြထားပါသေးတယ်..။
"3-5-2021
တောင်ဥက္ကလာ ကျူးက ကလေး ၇ယောက် ရှိတဲ့ ပလုံကောက်မိသားစုလေးရဲ့ အိမ်ကို အမိုးမိုး အကာကာပေးပြီးပါပြီ။
အိမ်ဆောက်ထားပေမယ့် အမိုးအကာ အပြီးထိ မတတ်နိုင်သေးလို့ မမိုးမကာနိုင်သေးတာကို ကလေးတွေ မိုးရွာရင် လုံခြုံအောင်နေရဖို့ အဖွဲ့သားများ ဝိုင်းဝန်းကူညီ မိုးကာ ပေးလိုက်ပါပြီ။
ဒီကျူးအိမ်လေးက အငယ်ဆုံး အမွှာကလေးတစ်ယောက်တောင် အနာပေါက်ပြီး ပိုးဝင်တာကြောင့် ပရဟိတဆေးခန်းပို့ပေးပြီး ဆေးဖိုး ၂သောင်းလည်း လှူပေးခဲ့ပါတယ်။
အလှူရှင်များရဲ့ စေတနာမေတ္တာကြောင့် နောက်နေ့တွေမိုးရွာရင် ကလေးတွေ မိဘနဲ့အတူ လုံခြုံစွာ အိပ်စက်နိုင်ပါပြီ။
ဝေဠုကျော်ဖောင်ဒေးရှင်း
09455500010
09455500014
09776089484.." ဆိုပြီး ရေးသားပြောပြထားတာပါ..။
အခက်အခဲတွေနဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့နေရာတွေမှာ ဖြည့်ဆည်းကူညီနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ အလှူပုံရိပ်တွေ အားလုံးကလည်း ချီးကျူးအားပေးနေကြတာ ဖြစ်ပါတယ်..။
သတင်း အရင်းအမြစ်៖ Wai Lu Kyaw Foundation's Fb Page