သူမကိုလိုက်စနေတဲ့ သမီးလေးအားအမှတ်တရ ဗီဒီယိုလေးရိုက်ကူးထားပြီး ချစ်မဝဖြစ်နေတဲ့ စန္ဒီမြင့်လွင်

//s9.kh1.co/45/45f775ba1e3bf0037a70b44611db2d431d371f29.jpeg
အနုပညာရှင်များ

 ၀၃-မေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ဂီတလောကမှာ Rap သီချင်းတွေသီဆိုရင်း ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာတဲ့သူကတော့ အဆိုတော် စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမကတော့  ရုပ်ရှင်လောကတွင် နေရာတစ်နေရာ ရရှိထားရုံသာမက  ဂီတလောကမှာပါအောင်မြင်မှုတွေ ပိုင်ဆိုင်ထားတာလည်း  ဖြစ်ပါတယ်။ လက်ရှိမှာလည်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်ကိုလည်း  အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်နေတာ  ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=814,q=100/76/763126386ea46f661bac657b91136f32497a66da.jpeg
https://s9.kh1.co/__image/w=650,h=808,q=100/48/48f0cd77c9f2a74a926d0f575da6671d453ee118.jpeg

Treasure လေးဟာ အသက်ငယ်သေးပေမယ့်လည်း မေမေနဲ့အတူ ကြော်ငြာများမှာပါ ရိုက်ကူးနေရပြီပဲ  ဖြစ်ပါတယ်။ သမီးလေးရဲ့လှုပ်ရှားမှုတွေတိုင်းကိုခည်း ဒီးဒီတို့ ဇနီးမောင်နှံက  ဗီဒီယိုနဲ့ ဓာတ်ပုံတွေ အမြဲမှတ်တမ်းတင်ရိုက်ပေးထားကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း စန္ဒီမြင့်လွင်ရဲ့ Instagram Story တွင်ချစ်စဖွယ်အမူအရာလေးနဲ့မေမေ့ကို ဝတုတ်ဆိုပြီး လိုက်စနေတဲ့ Treasure လေးရဲ့ဗီဒီယိုဖိုင်လေးပဲ  ဖြစ်ပါတယ်။

Photo Crd-Sandy Myint Lwin’s IG Account 
Photo Crd-Sandy Myint Lwin’s IG Account 
Photo Crd-Sandy Myint Lwin’s IG Account 
Photo Crd-Sandy Myint Lwin’s IG Account 

Treasure လေးရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေက အမြဲစောင့်ကြည့်အားပေးနေပြီး ချစ်မဝဖြစ်နေကြတာပါ။တစ်ဦးတည်းသော သမီးဖြစ်တာကြောင့် တစ်အိမ်လုံးက အသည်းတုန်မတတ်ချစ်နေကြတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်လေးထဲမှာ Treasure တစ်ယောက် ပါးလေးက ဖောင်းကစ်ကစ်လေးနဲ့ အသည်းယားစရာကောင်းလွန်းနေတာဖြစ်ပါတယ်။ 

သမီးလေးကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။ 

Source and Photo Crd-Sandy Myint Lwin’s IG Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T