တောင်ဥက္ကလာက ကမ်းနားကျူးအိမ်ကို ပြင်ဆင် ဆောက်လုပ်ပေးနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

//s9.kh1.co/c1/c14eb6704fbdacb0bc650dd1c8cd29f674d3d195.jpg
အနုပညာရှင်များ

 ០៣-ឧសភា-២០២១ ១១ព្រឹក · ៥ ឆ្នាំមុន

.

ပရိသတ်ကြီးရေ...ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ အပြင် ပရဟိတလုပ်ငန်းတွေကိုပါ ကူညီလုပ်ကိုင် နေတာကြောင့် ပိုပြီးလေးစားချစ်ခင် နေကြတာလည်း ဖြစ်ပါတယ်။ဝေဠုကျော်ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားသူ ဖြစ်ပြီး အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေကို နိုင်သလောက် ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးနေသူ ပဲဖြစ်ပါတယ်။

Photo Credit- Wai Lu Kyaw Foundation FB Page

လက်ရှိအခြေအနေမှာ စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေများစွာ ရှိနေတာကြောင့် ဝေဠုကျော်က သူရဲ့ဖောင်ဒေးရှင်းကို လှူဒါန်းပေးကြတဲ့ အလှူရှင်တွေကိုယ်စား ကိုယ်တိုင်သွားရောက် ထောက်ပံ့ပေးနေတာကို တွေ့ရပါတယ်။ယနေ့မှာဆိုရင်တော့ ဝေဠုကျော်က တောင်ဥက္ကလာ (၁၅) ရပ်ကွက်က ကမ်းနားကျူးအိမ်ကို ပြင်ဆင်ဆောက်လုပ်ပေးနေတာ ပဲဖြစ်ပါတယ်။။ပြိုကျပြီး ပြန်မဆောက်နိုင်လို့ မြေပြင်မှာ ဖြစ်သလို မိုးကာ ပြီး နေရတာကြောင့် ဝါးအိမ်လေး ဆောက်ပေးနေကြောင်းကို အခုလိုရေးသားဖော်ပြလာတာ ဖြစ်ပါတယ်။

Photo Credit- Wai Lu Kyaw Foundation FB Page
Photo Credit- Wai Lu Kyaw Foundation FB Page
Photo Credit- Wai Lu Kyaw Foundation FB Page
Photo Credit- Wai Lu Kyaw Foundation FB Page
Photo Credit- Wai Lu Kyaw Foundation FB Page
Photo Credit- Wai Lu Kyaw Foundation FB Page

"တောင်ဥက္ကလာ၊ ၁၅ရပ်ကွက် က ကမ်းနားကျူး အိမ်များကို ပြင်ဆင် ဆောက်လုပ်ပေးရေး အလှူမှ ဒီအိမ်လေးက သားသမီး ၇ယောက်ရှိပြီး လက်ရှိ မိသားစု ၆ယောက် နေ နေပါတယ် ပလုံကောက် မိသားစုလေးရဲ့အိမ်ပါ။ပြိုကျပြီး ပြန်မဆောက်နိုင်လို့ မြေပြင်မှာ ဖြစ်သလို မိုးကာ ပြီး နေနေရတာပါ။ရေတက်ရေကျတာ ရှိတော့ ရေတက်လာရင် နေမရပါဖူး။ဒီအိမ်လေးအတွက် အလှူရှင်ကတော့ တောင်ဒဂုံ မဝါဝါလေးအိမ်အလှူရှင်နဲ့ အတူတူပါပဲ။ရပ်ကွက်ထဲ လိုအပ်နေတယ့် သူတွေက များတော့ ဝါးအိမ်ပဲ ဆောက်ပေးနိုင်ပါတယ်။ဒီပလုံကောက် ကျူးလေးတွေ မိုးရာသီလုံလုံခြုံခြုံ နေထိုင် နိုင်ဖို့ ကျန်အိမ်လေးတွေ အတွက် အလှူခံပါတယ်။"ဆိုပြီး ဝေမျှပေးလာတာ ဖြစ်ပါတယ်။အဆင်မပြေမှုတွေကို ရင်ဆိုင်တွေ့ကြုံနေရတဲ့ ပြည်သူတွေ အတွက် ကူညီပေးနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ ပုံရိပ်တွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Wai Lu Kyaw Foundation FB Page
Photo Credit- Wai Lu Kyaw Foundation FB Page
Photo Credit- Wai Lu Kyaw Foundation FB Page
Photo Credit- Wai Lu Kyaw Foundation FB Page
Photo Credit- Wai Lu Kyaw Foundation FB Page
Photo Credit- Wai Lu Kyaw Foundation FB Page

သတင်း အရင်းအမြစ် Wai Lu Kyaw Foundation FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T