ချို့တဲ့ပြီးယိုင်နေတဲ့ အိမ်လေးကြည့်ပြီး စိတ်မကောင်းကာ အလှူငွေတွေ ဖေးမကူညီလိုက်တဲ့ ဘေဘီမောင်

//s9.kh1.co/9e/9e120eff32cbb288399aebd0435b7e99a1183525.jpeg
အနုပညာရှင်များ

 ០៣-ឧសភា-២០២១ ១០ព្រឹក · ៥ ឆ្នាំមុន

..

ဘေဘီလို့ အများက ချစ်စန်ိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော ဘေဘီမောင်ကတော့ အောင်မြင်ကျော်ကြားတဲ့ ပညာရှင်တစ်ယောက်ဖြစ်သလို စကားပြောပွင့်လင်းတာတွေကြောင့်လည်း အားလုံးက ချစ်ခင်အားပေးနေကြတာပါ..။

အနုပညာပိုင်းမှာ ပရိသတ်အချစ်တွေအခိုင်အမာရရှိထားတဲ့ ဘေဘီမောင်ကတော့ လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်ပြီး လိုအပ်နေတဲ့ပြည်သူတွေအတွက် တတ်န်ုင်သလောက် အမြဲဖေးမကူညီတတ်သူလည်း ဖြစ်ပါတယ်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

စိတ်ထားစေတနာကောင်းမွန်ပြီး အလှူအတန်းတွေ ဆက်တိုက်ပြုလုပ်နေတဲ့ ဘေဘီမောင်ကတော့ ဒီကနေ့မှာ ချို့တဲ့ပြီးယိုင်နေတဲ့ အိမ်လေးကြည့်ပြီး စိတ်မကောင်းကာ အလှူငွေတွေ ဖေးမကူညီလိုက်ပြန်ပါတယ်..။

အိမ်လေးအတွက်အလှူငွေတွေ လှူဒါန်းလိုက်ပြီး 

၇ရက်သားသမီး ပြည်သူတွေနဲ့အတူ စုပေါင်းပါဝင်လိုက်တဲ့ သူမရဲ့ အလှူလေးကို ဝေမျှရင်း စေတနာရှင်တွေကိုလည်း တတ်နိုင်သလောက်ပါဝင်ပေးကြဖို့ ဘေဘီမောင်က တိုက်တွန်းထားပါသေးတယ်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

"လေးသောင်းလောက်တော့ ရပါပြီတဲ့ တစ်သိန်းပြည့်အောင် ၆သောင်းငွေလွှဲပေးမယ်နော် မောင်လေးရေ 

စေတနာရှင်များလည်း တတ်နိုင်သလောက် ဒီမောင်လေးကနေ တဆင့်လှူပေးပါဦးနော်??.." ဆိုပြီး အလှူကို ဝေမျှထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေ အားလုံးကလည်း ကြုံတဲ့နေရာမှာ လိုအပ်နေသူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်တတ်တဲ့ ဘေဘီမောင်ရဲ့ အလှူကို သာဓုခေါ်ကာ ဆုတောင်းစကားတွေ ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

သတင်း အရင်းအမြစ် Baby Maung's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T