အလုပ်မလုပ်ရတာကြာလို့ စားဝတ်နေရေးခက်ခဲနေပေမယ့် ပွဲတက်ဖို့ငြင်းလိုက်တဲ့အကြောင်း ပြောလာတဲ့ ထက်ထက်ထွန်း

//s9.kh1.co/9c/9cc71dcacab162e1ce8915383b92ad93d4b986e9.jpeg
အနုပညာရှင်များ

 ၀၂-မေ-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ သရုပ်ဆာင်တစ်ယောက်အဖြစ် ဇာတ်ကားတွေများစွာ ရိုက်ကူးထားသလို အစီအစဉ်တင်ဆက်သူတစ်ယောက်အဖြစ်လည်း အောင်မြင်နေသူကတော့ ထက်ထက်ထွန်းပဲ ဖြစ်ပါတယ်..။

အခက်အခဲတွေနဲ့ လိုအပ်နေသူတွေအတွက် လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်တတ်တဲ့ ထက်ထက်ထွန်းကတော့ လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Li John Photography
Photo Credit - Li John Photography

ထက်ထက်ထွန်းကတော့ အလုပ်မလုပ်ရတာကြာလို့ စားဝတ်နေရေးခက်ခဲနေပေမယ့် အိမ်မှာကြက်ဥနဲ့ပဲစားမယ်ဆိုပြီး ပြီးခဲ့တဲ့ရက်က ပွဲတက်ဖို့ငြင်းလိုက်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာပါတယ်..။

ဒီကနေ့မှာပြုလုပ်တဲ့ အခမ်းအနားပွဲတစ်ခုကို အနုပညာရှင်တချို့တက်ရောက်နေတဲ့ ပုံရိပ်တွေ ပြန့်နှံ့လာကာ ပရိသတ်တွေကြားဝေဖန်မှုတွေ မြှင့်တက်နေပြီး ထက်ထက်ထွန်းကတော့ သူမအနေနဲ့ ပွဲတက်ဖို့ ငြင်းလိုက်တဲ့အကြောင်းတွေကို ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာပါ..။

Photo Credit - Li John Photography
Photo Credit - Li John Photography
Photo Credit - Li John Photography
Photo Credit - Li John Photography

"ဒီနေ့လိုင်းပေါ် နာမည်ကြီးမယ့် အခွင့်အရေးလေး

တစ်နေ့က ကျွန်မငြင်းလိုက်တယ် ???

လှလှလေးပြင် ပွဲလေးတက်

အလုပ်လေးမလုပ်ရတာကြာနေပေမယ့် 

အလုပ်မရှိလို့ စားဝတ်နေရေးခက်ခဲနေပေမယ့်

ကျွန်မအိမ်မှာ ကြက်ဥနဲ့ဘဲ ဖြတ်သန်းနေလိုက်တယ်.." ဆိုပြီး ရေးသားပြောပြထားတာပါ..။

ခံယူချက်တွေ ခိုင်ခိုင်မာမာနဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ ထက်ထက်ထွန်းကို ပရိသတ်တွေအားလုံးကလည်း အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Htet Htet Htun's Fb Acc
Photo Credit - Htet Htet Htun's Fb Acc

သတင်း အရင်းအမြစ်Htet Htet Htun's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T