ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ပိုင်ဖြိုးသုကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အရေးတော်ပုံကြီး စတင်ကတည်းက ပြည်သူတွေနဲ့အတူ တစ်စိတ်တည်း တစ်ဝမ်းတည်း စိတ်ရောကိုယ်ပါနှစ်ကာ လူထုလှုပ်ရှားမှုကြီးတွင် လမ်းမပေါ်ထွက်ကာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့တဲ့ သူပဲ ဖြစ်ပါတယ်။ယခုလို ပါဝင်ခဲ့တာကြောင့်လည်း ပိုင်ဖြိုးသုက လက်ရှိအခြေအနေမှာတော့ ၅၀၅ က ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရတာ ပဲဖြစ်ပါတယ်။
ပိုင်ဖြိုးသုဟာ အခြေအနေအရ တိမ်းရှောင်နေပေမယ့်လည်း စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူတွေနဲ့ တစ်သားတည်း အခုချိန်ထိ အပြည့်အဝထောက်ခံနေတာ ဖြစ်ပြီး အသက်ပေးသွားရတဲ့ သူတွေနဲ့ ဖမ်းဆီးချုပ်နှောင်ခံရသူတွေအကြောင်းတွေးလိုက်တိုင်း သူတို့ကိုရှက်မနေရဖို့ ..သူတို့တွေရဲ့စွန့်လွှတ်မှုနဲ့ယှဉ်ရင်ကိုယ်တွေရဲ့ဒုက္ခက စာမဖွဲ့လောက်ဘူး..ဆိုတဲ့ အကြောင်းကို အခုလိုရေးသားဖော်ပြပေးလာတာ ဖြစ်ပါတယ်။
"ခုချိန်ရှောင်ရပြေးရဒုက္ခခံကြရတာဟာ တစ်သက်တာလိပ်ပြာလုံဖို့ ✊အသက်ပေးသွားသူတွေ ဖမ်းဆီးချုပ်နှောင်ခံရသူတွေအကြောင်းတွေးလိုက်တိုင်း သူတို့ကိုရှက်မနေရဖို့ ..သူတို့တွေရဲ့စွန့်လွှတ်မှုနဲ့ယှဉ်ရင်ကိုယ်တွေရဲ့ဒုက္ခက စာမဖွဲ့လောက်ဘူး....အရေးတော်ပုံကြီးအောင်ပြီးနောက် ဘယ်သူနဲ့ပြန်တွေ့တွေ့ခေါင်းငုံ့မျက်နှာလွှဲနေရမဲ့အဖြစ်မျိုးတော့မလိုချင်ပါ....တစ်မွန်းတည့်စာကောင်းစားနေတဲ့ဟိုဒင်းကြီးကို ဘုရားတစ်ဆူဂူတစ်လုံးသဖွယ် ကိုးကွယ်နေကြသူများ နောင်တစ်ချိန်လူအများကို ဘယ်လိုစိတ်နဲ့ မျက်နှာချင်းဆိုင်မယ်ဆိုတာ သိချင်စမ်းပါဘိ...#အရေးတော်ပုံအောင်ရမည်"ဆိုပြီး လူမူကွန်ယက် စာမျက်နှာထက်တွင် မျှဝေပေးလာတာကြောင့် ချစ်ပရိသတ်တွေ အတွက် ပြန်လည်တင်ဆက်ပေးရင်း အားလုံးဘေးရန်ကင်းရှင်းကြပါစေလို့ ဆုတောင်းမှုပြုလျက်.....???
သတင်း အရင်းအမြစ်៖ Paing Phyoe Thu FB Page