ခုနှစ်ရက်သားသမီးများ ဘေးရန်ကင်းဝေးစေဖို့ မြတ်စွာဘုရားရှင်ထံ ဆွမ်းကပ်ကာ ဆုတောင်းမေတ္တာပို့သခဲ့တဲ့ ထူးခန့်ကျော်

//s9.kh1.co/70/703d0dfa8026ea96c055fa1e4f89f1c4f6425a2f.jpeg
အနုပညာရှင်များ

 ၀၂-မေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများတွင် ကျရာနေရာကနေ ပီပြင်စွာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားသူကတော့  သရုပ်ဆောင် ထူးခန့်ကျော်ပဲ  ဖြစ်ပါတယ်။  နောက်ပိုင်းမှာတော့ ရုပ်သံဇာတ်လမ်းတွဲများမှာလည်း ပါဝင်ရိုက်ကူးနေပြီး မျိုးဆက်သစ်လူငယ်တွေကိုလည်း သရုပ်ဆောင်ပညာရပ်များ သင်ကြားပေးနေတာ ဖြစ်ပါတယ်။အနုပညာလှုပ်ရှားမှုများအပြင် တတ်မြောက်ထားတဲ့ ပညာများဖြင့် ထုံကျင်ကိုက်ခဲနေကြသော သူများနှင့်လေဖြတ်ရောဂါဝေဒနာရှင်များအား ပျောက်ကင်းအောင် ကုသပေးနေတာ ဖြစ်ပါတယ်။

photo Crd-Htoo Khant Kyaw’s Facebook Account 
photo Crd-Htoo Khant Kyaw’s Facebook Account 
photo Crd-Htoo Khant Kyaw’s Facebook Account 
photo Crd-Htoo Khant Kyaw’s Facebook Account 

သူကုသပေးပြီး ပျောက်ကင်းသွားတဲ့ ဝေဒနာရှင်များက လှူဒါန်းသွားတဲ့ အလှူငွေများကို စုပေါင်းပြီးဘုရားတည်တဲ့နေရာတွင် ထည့်ဝင်လှူဒါန်းသွားမယ့်အကြောင်းကိုလည်း ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်အောင် ဝေမျှပေးထားသေးတာပဲ  ဖြစ်ပါတယ်။  ထူးခန့်ကျော်ကတော့ ဘာသာရေးလည်း ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး သူပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း ပရိသတ်တွေ ထပ်တူရကြစေဖို့ အမျှပေးဝေနေတာပါ။ မကြာသေးခင်နာရီပိုင်းလောက်ကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် မြတ်စွာဘုရားရှင်ထံ ဆွမ်းကပ်ကာ ခုနှစ်ရက်သားသမီးများ ဘေးရန်ကင်းဝေးစေဖို့ ဆုတောင်းမေတ္တာပို့သပေးနေကြောင်း ရေးသားထားတာပါ။

photo Crd-Htoo Khant Kyaw’s Facebook Account 
photo Crd-Htoo Khant Kyaw’s Facebook Account 
photo Crd-Htoo Khant Kyaw’s Facebook Account 
photo Crd-Htoo Khant Kyaw’s Facebook Account 

" ဒီတစ်ပတ်လည်း မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ချစ်တီးထမင်း ဟင်းလျာ၊ ဘောဇဥ်ချိုချဥ်အဖြာဖြာအရသာနှင့်ပြည့်စုံသော ဆွမ်းများအားဆက်ကပ်လှူဒါန်းလိုက်ရခြင်းကြောင့်အင်မတန် ပီတိကုသိုလ်များဖြစ်ခဲ့ရလေသည်။ ယနေ့ လှူဒါန်းမှုသည် ၃၁ဘုံကျင်လည်ကုန်သောလူ နတ် ဗြဟ္မာသတ္တဝါအားလုံးတို့နှင့် ၇နှစ်ရက်သားသမီးများ၏ကောင်းမှုကံ စေတနာသဒ္ဓါတရား၏ကုသိုလ်ပင်ဖြစ်ပေသည်။ဤကောင်းမှုကံစေတနာသဒ္ဓါတရားတို့ကြောင့်?????ဗုဒ္ဓမြတ်စွာသာသနာရောင်ဝါနေသို့ထွန်းလင်းတောက်ပပါစေသော် ဓမ္မမြတ်စွာသာသနာရောင်ဝါနေသို့ထွန်းလင်းတောက်ပပါစေသော် သံဃာမြတ်စွာသာသနာရောင်ဝါနေသို့ထွန်းလင်းတောက်ပပါစေသော်?????ဤကောင်းမှုကံစေတနာသဒ္ဓါတရားတို့ကြောင့်၇နှစ်ရက်သားသမီးများအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကပ်ကြီးသုံးပါးတို့မှလည်းကင်းဝေးကြပါစေ။ ဤကောင်းမှုအားလုံးတို့အား၃၁ဘုံကျင်လည်ကုန်သောဝေနေများစွာသုခိတ ဒုက္ခိတသတ္တဝါအားလုံးတို့အားအမျှကုသိုလ်ပေးဝေငှပါ၏ အမျှရကြ၍ဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါစေကုန်သော်???ကုသိုလ်အမျှ အမျှအမျှယူတော်မူကြပါကုန်သော်???" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ထူးခန့်ကျော်ရဲ့ပို့သသော မေတ္တာတွေ ထပ်တူရပါစေလို့လည်း ပြန်လည်ဆုတောင်းပေးထားကြတာပါ။  ရောဂါဝေဒနာများခံစားနေရသူတွေကိုလည်း အခုထက်ပိုပြီး ကုသပေးနိုင်ပါစေနော်။

Source and photo Crd-Htoo Khant Kyaw’s Facebook Account 

photo Crd-Htoo Khant Kyaw’s Facebook Account 
photo Crd-Htoo Khant Kyaw’s Facebook Account 
photo Crd-Htoo Khant Kyaw’s Facebook Account 
photo Crd-Htoo Khant Kyaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T