ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့မှာ ခုလို ဆုတောင်းပေးရလိမ့်မယ်လို့ အိမ်မက်တောင် မမက်ဖူးဘူးဆိုတဲ့ ပိုင်ဖြိုးသု

//s9.kh1.co/34/3405c656af876ccfd9ae6efd21b1d2ce206383d4.jpeg
အနုပညာရှင်များ

 ၀၂-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

အောင်မြင်မှုတွေရရှိထားတဲ့အပြင် စကားပြောပွင့်လင်းပြီး စိတ်ထားစေတနာကောင်းတာတွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူကတော့ မင်းသမီးချော ပိုင်ဖြိုးသုပဲ ဖြစ်ပါတယ်..။

ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံကတော့ လက်ရှိအခြေအနေတွေမှာလည်း လူထုလှုပ်ရှားမှုတွေ အင်တိုက်အားတိုက်ပြုလုပ်နေပြီး ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရပေမယ့် တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက် ပြည်သူတွေနဲ့အတူ ရပ်တည်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc

ပိုင်ဖြိုးသုကတော့ ဒီကနေ့မှာ အသက်(၄၀) ပြည့် မွေးနေ့ကျရောက်လာတဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးအတွက် သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ထိထိမိမိလေး မွေးနေ့ဆုတောင်းပေးထားတာလည်း တွေ့ရပါတယ်..။

အသက်(၄၀)ပြည့်မှ ဘဝစတာဆိုပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအမျိုးမျိုးကြောင့် ဘဝစတဲ့အချိန်မှ အခက်အခဲတွေနဲ့ရင်ဆိုင်နေရလို့ အမြန်ဆုံးလွတ်မြောက်စေဖို့ ဆုတောင်းစကားတွေ ဆိုထားတာပါ..။

Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc

"အသက်(၄၀)မှဘဝကစတာတဲ့...

ဦးရေခဲကြီး ဘဝကိုစလုံးရေစရတဲ့ အချိန်မှာမှ စစ်အာဏာသိမ်းခံထားရချိန်နဲ့ ကြုံရတာတော့ကျက်သရေ မရှိဘူးပေါ့နော်....

ဘဝမှာသူ့အတွက် ဒီမိုကရေစီအမြန်ရရှိပါစေ စစ်အာဏာရှင်အုပ်ချုပ်ခံရမှုမှအမြန်လွတ်မြောက်ပါစေ  လို့မွေးနေ့မှာ ဆုတောင်းပေးရမယ်လို့အိပ်မက်တောင် မမက်ဖူးဘူး...

Anyway, I'll always be by your side, through thick and thin.

Have a peaceful birthday Boo Bear❤️

အရေးတော်ပုံအမြန်ဆုံးအောင်ပါစေ.." ဆိုပြီး ခင်ပွန်းဖြစ်သူအတွက် မွေးနေ့ဆုတောင်းပေးထားတာပါ..။

သူမရဲ့ပို့စ်အောက်မှာ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားဆိုထားကြသလို ဇနီးမောင်နှံနှစ်ယောက် အန္တရာယ်ကင်းဘေးရှင်းစေဖို့ကိုလည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc

သတင်း အရင်းအမြစ်Paing Phyo Thu's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T