မွေးနေ့နားနီးတိုင်း အမြဲစိတ်ဖိစီးခဲ့ရပြီး အခက်အခဲဆုံးအချိန်တွေကို ပြောပြလာတဲ့ မေ

//s9.kh1.co/07/079e1ce1b0a47262c776da512d4bd2c4bfe0d0c2.jpeg
အနုပညာရှင်များ

 ၀၂-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

..

အနုပညာလောကမှာ နာမည်တစ်လုံးတည်းနဲ့ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အဆိုတော်သရုပ်ဆောင်မေကတော့ ဒီကနေ့မှာ မွေးနေ့ကျရောက်လာခဲ့ပြီ ဖြစ်ပါတယ်..။

ပြည်သူတွေနဲ့အတူ အမြဲရပ်တည်နေတဲ့ မေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအမျိုးမျိုးကြောင့် သူမရဲ့မွေးနေ့မှာလည်း အပြည့်အဝမပျော်နိုင်တဲ့ အကြောင်းတွေကို စိတ်မကောင်းစွာပြောပြလာပါတယ်..။

Photo Credit - May Fb Page
Photo Credit - May Fb Page
Photo Credit - May Fb Page
Photo Credit - May Fb Page

မေကတော့ မွေးနေ့နားနီးတိုင်း အမြဲစိတ်ဖိစီးရပြီး ဒီနှစ်မှာတော့ အခက်အခဲဆုံးဖြတ်သန်းနေရတဲ့အကြောင်းတွေကို မွေးနေ့ရက်လေးမရောက်မှီ နာရီပိုင်းအလိုက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

ဒီနှစ်တွေမှာ အဆင်မပြေမှုတွေနဲ့ အခက်အခဲတွေရှိနေပေမယ့် နောက်နှစ်တွေမှာတော့ အခက်အခဲမရှိ ပျော်ရွှင်ရဖို့ မျှော်လင့်တဲ့အကြောင်းတွေပြောကာ ဆုတောင်းရင်း မွေးနေ့လေးကို ကြိုဆိုလိုက်တာပဲ ဖြစ်ပါတယ်..။

Photo Credit - May Fb Page
Photo Credit - May Fb Page
Photo Credit - May Fb Page
Photo Credit - May Fb Page

"မနက်ဖြန်‌ဆို မွေးနေ့လေးရောက်ခဲ့ပြန်ပြီ

မွေးနေ့နားနီးတိုင်း အမြဲစိတ်ဖိစီးခဲ့ရတယ်

ဒီနှစ်ကတော့ အခက်ခဲဆုံးအချိန်ပေါ့နော်

နောက်နှစ်တွေမှာတော့ ဒီ့ထက်ခက်ခဲစရာမရှိတော့ဘူးလို့ မျှော်လင့်ပါတယ် 

(Feb 1 က မတင်ဖြစ်လိုက်ရတဲ့ပုံလေးကို အခု အမှတ်တရတင်လိုက်တာပါ)

Pre-Happy Birthday to me ❤️.." ဆိုပြီး မေက ရေးသားပြောပြထားတာပါ..။

သူမရဲ့ပို့စ်အောက်မှာတော့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားတွေနဲ့ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - May Fb Page
Photo Credit - May Fb Page

သတင်း အရင်းအမြစ်May Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T