ခံယူချက်ခြင်းမတူတဲ့သူတွေကို အကောင့်ထဲက အလိုက်တသိထွက်သွားကြဖို့ ပြောလာတဲ့ နွယ်ဒါလီထွန်း

//s9.kh1.co/3b/3b6379428d4e5e58df4c40c26cd6836c38980b69.png
အနုပညာရှင်များ

 ၀၁-မေ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့အပြင် စကားပြောပွင့်လင်းတာတွေကြောင့် အားလုံးကချစ်ခင်နေကြသူကတော့ သရုပ်ဆောင်မင်းသမီးချော နွယ်ဒါလီထွန်းပဲ ဖြစ်ပါတယ်..။

နွယ်ဒါလီထွန်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း အားလုံးနဲ့အတူ ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို အားကြိုးမာန်တက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Nwe Darli Htun's Fb Acc
Photo Credit - Nwe Darli Htun's Fb Acc

၅၀၅ က ဖြင့် အရေးယူခြင်းခံထားရတဲ့ နွယ်ဒါလီထွန်းကတော့ လှုပ်ရှားမှုတွေမှာ တတ်နိုင်သလောက် ပါဝင်နေပြီး လတ်တလောကြုံတွေ့နေတာတွေနဲ့ ပတ်သက်ပြီး ပြတ်သားစွာ ပြောလာပါတယ်..။

ခံယူချက်ခြင်းမတူတဲ့သူတွေနဲ့ သူမအပေါ်အမြင်မကြည်တဲ့သူတွေကို အကောင့်ထဲက အလိုက်တသိထွက်သွားကြဖို့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပွင့်ပွင့်လင်းလင်းပြောလာတာ ဖြစ်ပါတယ်..။

Photo Credit - Nwe Darli Htun's Fb Acc
Photo Credit - Nwe Darli Htun's Fb Acc
Photo Credit - Nwe Darli Htun's Fb Acc
Photo Credit - Nwe Darli Htun's Fb Acc

"မြန်မာပြည်ကြီးငြိမ်းချမ်းပါစေဆိုပီး $ပေါက်ပိတ်နေတဲ့သူတွေရယ် ငါတို့ကတော့ အစိမ်းပဲဆိုတဲ့ ဟာတွေရယ် ဘယ်ဘက်သာမလဲ သာတဲ့ဘက်ပြေးကပ်ဖို့ စောင့်ကြည့်ကြားနေ ခွထိုင်တွေရယ်၊ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆို​​ပြီး အတွေးရှိတဲ့သူတွေလေ ကျွန်မအကောင့်ထဲရှိနေရင် ကိုယ့်ဟာကိုယ်အလိုက်တသိ unfriend သို့ block လုပ်သွားပေးကြပါလားဟင် တောင်းဆိုတာပါနော် ကျွန်မတင်တဲ့ပိုစ့်တွေလည်း ရှင်တို့ wall ပေါ် ပေါ်လာလို့ မျက်စိမနောက်ရတော့ဘူးပေါ့ ကျွန်မလည်းတစ်ယောက်ချင်းစီစိစစ်နေရတာ မျက်လုံးညောင်း၊ လက်ညောင်းလို့ ?.." ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း တော်လှန်ရေးတိုက်ပွဲကြီးမှာ စည်းလုံးစွာပါဝင်နေကြတဲ့အကြောင်းတွေနဲ့အတူ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Nwe Darli Htun's Fb Acc
Photo Credit - Nwe Darli Htun's Fb Acc

သတင်း အရင်းအမြစ်Nwe Darli Htun's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T