တက်သစ်စ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေ ဖြည်းဖြည်းချင်း ရရှိလာသူကတော့ ဟန်လင်းပဲ ဖြစ်ပါတယ်။ သူကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာပါ။


အခုလက်ရှိမှာတော့ Gen-Z Burma အဖွဲ့ဝင်တစ်ချို့နဲ့ ထိုင်းနိုင်ငံနယ်စပ်ကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ရောက်ရှိတဲ့နေရာကနေ တော်လှန်ရေးအတွက် ကိုယ်စွမ်းရှိသလောက် ပါဝင်ပေးနေတဲ့ ဟန်လင်းကိုတော့ ပရိသတ်တွေက လေးစားနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း ဟန်လင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပြည်သူတွေအနေနဲ့ နွေဦးတော်လှန်ရေး ဒုတိယလှိုင်းကနေ စတင်ပြီး ရဲရင့်သတ္တိနဲ့ခွန်အားအပြည့်ရှိတာကို ပြသဖို့လိုကြောင်း တိုက်တွန်းနှိုးဆော်လိုက်တာ ဖြစ်ပါတယ်။


သူကလည်း " နွေဦးတော်လှန်ရေး ဒုတိယလှိုင်း
အာဏာရှင်စနစ်ကိုမြန်မာ့မြေပေါ်ကနေ
အပြီးအပိုင် အမြစ်ဖြုတ်တွန်းလှန်ခဲ့တဲ့နောက်ဆုံးမျိုးဆက်ဟာ
ကျွန်တော်တို့မျိုးဆက်ပဲဖြစ်ရမယ်
ဒါ့ကြောင့် မနက်ဖြန် မေလ ၁ ရက်နေ့ကစပြီး
အင်အားကြီးလာမည့်
နွေဦးတော်လှန်ရေး ဒုတိယလှိုင်းကနေ
ခွန်အားအပြည့် သတိရှိစွာနဲ့ သတ္တိရှိရှိရဲရင့်ကြောင်းကို
ပြသဖို့ တိုက်တွန်းနှိုးဆော်ပါတယ်ခင်ဗျား
“အရေးတော်ပုံအောင်ရမည်” ??” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ အနုပညာရှင်များကလည်း လူထုလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး သူတို့ရဲ့ လူမှုကွန်ယက်များတွင် Speak Out လုပ်ပေးနေကြတာ ပြည်သူတွေအနေနဲ့အားတက်စရာပါပဲ။ လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ကြတဲ့ အခါမှာလည်း သတိရှိစွာဖြင့် သွားလာကြဖို့လည်းသတိပေးလိုက်ပါရစေနော်။
Source and Photo Crd-Han Lin’s Facebook Account


Source and Photo Crd-Han Lin’s Facebook Account