ရုပ်သံဇာတ်လမ်းတွဲများတွင်  ပါဝင်ရိုက်ကူးခဲ့ရာမှတစ်ဆင့်  ပရိသတ်တွေကြားမှာ နေရာရလာသူကတော့   သရုပ်ဆောင် ဘုန်းဆက်သွင်ပဲ  ဖြစ်ပါတယ်။  သူကတော့  လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ  တစ်သွေးတည်း တစ်သားတည်း ပူးပေါင်းပါဝင်ခဲ့သူ  ဖြစ်ပါတယ်။  အခုလို ပါဝင်ခဲ့တာကြောင့်လည်း ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 

တရားစွဲဆိုခံထားရပေမယ့်လည်း  အခုချိန်ထိ လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်တွေကို ထုတ်ဖော်ပြသနေဆဲ  ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း  အရေးကြုံတိုင်း ပြည်သူတွေဘက်ကနေ ရပ်တည်ပေးတဲ့  ဘုန်းဆက်သွင်ရဲ့ရဲရင့်တဲ့ စိတ်ဓာတ်ကို လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။  ရန်ကုန်မြို့က လမ်းမတွေထက်မှာ အမှန်တရားကိုသာ မြတ်နိုးကြတဲ့ ပြည်သူတွေတစ်ချို့က အခွင့်အခါသင့်တိုင်း ဆန္ဒထုတ်ဖော်နေကြဆဲ  ဖြစ်ပါတယ်။

Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း  ဘုန်းဆက်သွင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ရန်ကုန်မြို့တစ်နေရာက သပိတ်စစ်ကြောင်းတွင် ပြည်သူတစ်ဦးအနေနဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့တဲ့ ပုံရိပ်တွေ တင်ထားတာ ဖြစ်ပါတယ်။  သူကလည်း " ယနေ့ သပိတ် 

"ငါတို့မှာ.......ငါတို့ပဲရှိတယ်

ငါတို့မှာ.......အမှန်တရားရှိတယ်

အမှန်တရားမှာ.......အနိုင်ပဲရှိတယ် " ✊🏼" ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကိုပြန်လည်တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Phone Sett Thwin’s Facebook Account 

Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။