​ငါတို့မှာငါတို့ပဲရှိလို့ အားတင်းထားရင်း အမှန်တရားအတွက် အတူတူရပ်တည်ကြမယ်လို့ အားပေးစကားလေးဆိုလာတဲ့ ဟန်နာယူရီ

//s9.kh1.co/c2/c25a15b00a621d390d6ed6aef44552bb60df5e65.jpeg
အနုပညာရှင်များ

 ၃၀-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

ဟန်နာယူရီကတော့ မြန်မာနိုင်ငံရဲ့ ဒီအရေးတော်ပုံကြီးစတင်ထဲက ပြည်သူတွေနဲ့အတူ စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်ရပ်တည်ခဲ့သူတစ်ယောက်ပါ။ဒါ့အပြင်သူရဲ့ အကောင့်ကနေလည်း မြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကို နိုင်ငံခြားက သတင်းမီဒီယာတွေ သိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့သလို အရေးကြီးလိုက်နာသင့်တဲ့ သတင်းအချက်အလက်တွေကိုလည်း ဒီနေ့အထိဝေမျှပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit : Hanna Yuri Facebook Page 
Photo Credit : Hanna Yuri Facebook Page 
Photo Credit : Hanna Yuri Facebook Page 
Photo Credit : Hanna Yuri Facebook Page 

သူကိုယ်တိုင်လည်း လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေမှာ မျိုးစုံပါဝင်ခဲ့သူတစ်ယောက်ပါ ။ဒီလိုတွေပါဝင်ခဲ့တာကြောင့်လည်း ခုဆိုခြိမ်းခြောက်ခံရမှုတွေရှိနေပြီး မိသားစုနဲ့ ခွဲကာ တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။သူမနဲ့ပတ်သက်ပြီး စိတ်ပူနေကြတဲ့ ပရိသတ်တွေကိုလည်း အခုဘေးကင်းတဲ့ နေရာရောက်နေပြီဖြစ်ကြောင်းနဲ့ တတ်နိုင်သလောက် အရင်ထက်အဆပေါင်းများစွာ support လုပ်သွားပေးမယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Hanna Yuri Facebook Page 
Photo Credit : Hanna Yuri Facebook Page 
Photo Credit : Hanna Yuri Facebook Page 
Photo Credit : Hanna Yuri Facebook Page 

ဒါ့အပြင် ပြည်သူတွေမှာပြည်သူတွေပဲရှိလို့ အားတင်းထားရင်းအမှန်တရားအတွက်အတူတူရပ်တည်ကြမယ်ဆိုတဲ့အကြောင်းလေးကိုလည်း ခုလိုဝေမျှထားပါသေးတယ်။ "ယနေ့နဲ့ဆို ကျွန်မတို့ တိုင်းပြည်အမှောင်ငရဲထဲကျရောက်ခဲ့တာ ၃လတိတိပြည့်ပါပြီ ပြည်သူတွေ အသက်၊အိုးအိမ်၊ပိုင်ဆိုင်မှု လွတ်လပ်ခွင့်တွေ၊အနာဂတ်တွေများစွာ ပျောက်ဆုံးပြီး မတရားသဖြင့် ဖိနှိပ်အနိုင်ကျင့်ရက်စက်စွာ သတ်ဖြတ်ခံနေရတာတွေစိတ်ဆင်းရဲကြီးစွာနေ့နေ့ညည အသက်ရှင်နေရတာတွေ ၃လတိတိပြည့်ပါပြီ သွေးမအေးကြေး ၊ဘယ်တော့မှခွင့်မလွတ်ကြေး ဘယ်နေရာရောက်ရောက်ဆန့်ကျင်သွားမယ် ငါတို့မှာငါတို့ပဲရှိတယ် အားတင်းထားမယ် အမှန်တရားအတွက်အတူတူရပ်တည်ကြမယ် "ဆိုပြီးရေးသားဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit : Hanna Yuri Facebook Page 
Photo Credit : Hanna Yuri Facebook Page 
Source & Photo Credit : Hanna Yuri Facebook Page 
Source & Photo Credit : Hanna Yuri Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T