ပရိသတ်ကြီးရေ.. ဂီတလောကမှာ အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းတွေများစွာသီဆိုထွက်ရှိထားပြီး အောင်မြင်မှုတွေများစွာရရှိထားတဲ့ အဆိုတော်အနုပညာရှင်တွေထဲမှာ ထူးအယ်လင်းကလည်း အပါအဝင်ပါပဲ..။

ထူးအယ်လင်းကတော့ လက်ရှိမှာ အနုပညာအလုပ်တွေနည်းပါးနေပေမယ့် ပရဟိတအလုပ်တွေလုပ်ဆောင်ကာ လိုအပ်နေတဲ့ပြည်သူတွေအတွက် ဖေးမကူညီမှုတွေနဲ့အတူ လှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်..။

Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc

ထူးအယ်လင်းကတော့ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာလည်း ဆေးဝါးနဲ့လိုအပ်တာတွေ လှူဒါန်းသလို ဝေးလံခေါင်သီတဲ့ ဒေသတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ ချို့တဲ့သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာလည်း တွေ့ရပါတယ်..။

၇သားသမီးတွေနဲ့အတူ ပြုလုပ်ခဲ့တဲ့ အလှူပုံရိပ်တွေကို အမြဲမျှဝေလေ့ရှိတဲ့ ထူးအယ်လင်းကတော့ ကိုယ်ချင်းစာတရားတွေကို လှိုင်လှိုင်ပြောပြီး စာနာစိတ်မရှိတဲ့ ပတ်ဝန်းရှင်ကို ရှောင်တယ်ဆိုပြီးတော့လည်း ရေးသားပြောပြလာပါတယ်..။

Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc

"ကိုယ်ချင်းစာတရားတွေ လှိုင်လှိုင်ပြောပြီး

ကိုယ်ချင်းစာစိတ်မရှိတဲ့ ပတ်ဝန်းကျင်ကို ရှောင်တယ်....

လှသိန်း 😅.." ဆိုပြီး ထူးအယ်လင်းက ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေကလည်း ထူးအယ်လင်းကို အားပေးနေကြတဲ့အကြောင်းတွေအပြင် စနောက်ထားကြသလို အစစအရာရာဂရုစိုက်ဖို့ကိုလည်း မှတ်ချက်တွေပေး ရေးသားထားကြလည်း တွေ့ရပါတယ်..။

Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc

သတင်းအရင်းမြစ်: Htoo El Lynn's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။