မကြာခင်မှာမွေးနေ့ကျရောက်တော့မယ့် အိန္ဒြာကျော်ဇင်အတွက် မွေးနေ့အကြို ဆုတောင်းပေးလိုက်တဲ့ အေးသီတာနဲ့ အိအိတုန်

//s9.kh1.co/ec/ec5d2203e2787f98627fded36e802d56e17d1c3a.jpg
အနုပညာရှင်များ

 ၂၃-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ပြေတီဦးနဲ့ အိန္ဒြာကျော်တို့ ဇနီးမောင်နှံကတော့ အနုပညာလောကမှာ ထိပ်တန်းကနေအောင်မြင်နေကြသလို ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်ကြတဲ့ အေးသီတာနဲ့ အိအိတုန်တို့ကလည်း ပရိသတ်အခိုင်အမာနဲ့ အားလုံးရဲ့ချစ်ခင်အားပေးမှုတွေရရှိထားကြသူတွေပါပဲ..။

လူထုလှုပ်ရှားမှုတွေကိုတက်ကြွစွာပြုလုပ်ခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ လက်ရှိမှာ ပုဒ်မ ၅၀၅ က ဖြင့် အရေးယူထိန်းသိမ်းခံထားရပြီး ဇနီးမောင်နှံအတွက် ပရိသတ်တွေအပြင်အနုပညာရှင်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာပါ..။

Photo Credit - Eaindra Kyaw Zin's Fb Page 
Photo Credit - Eaindra Kyaw Zin's Fb Page 
Photo Credit - Eaindra Kyaw Zin's Fb Page 
Photo Credit - Eaindra Kyaw Zin's Fb Page 

အေးသီတာနဲ့ အိအိတုန်တို့ကတော့ မကြာခင်မှာ မွေးနေ့ရက်ကျရောက်တော့မယ့် အိန္ဒြာကျော်ဇင်အတွက် သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေ တစ်ဆင့် မွေးနေ့အကြို ဆုတောင်းစကားတွေ ပြောပေးထားကြတာ တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ထိန်းသိမ်းခံထားရတဲ့ အူဝဲတို့ဇနီးမောင်နှံကို မိသားစုတွေနဲ့ အမြန်ဆုံးပြန်ဆုံစေဖို့ ဆုမွန်ကောင်းတောင်းထားကြတာဖြစ်ပြီး အားလုံးကလည်း စိတ်မကောင်းဖြစ်နေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Eaindra Kyaw Zin's Fb Page 
Photo Credit - Eaindra Kyaw Zin's Fb Page 
Photo Credit - Ei Tone's Fb Acc 
Photo Credit - Ei Tone's Fb Acc 

"မနက်ဖန်ဆိုချစ်ရတဲ့အမအူဝဲရဲ့ မွေးနေ့လေး မိသားစုတွေအမြန်ဆုံးပြန်ဆုံတွေ့နိုင်ပါစေ???." ဆိုပြီးတော့ အိအိတုန်က မွေးနေ့အကြိုအဖြစ် ရေးသားဆုတောင်းထားသလို အေးသီတာကလည်း "ပျော်ရွှင်စရာမွေးနေ့လေးမှာ မိသားစုပြန်ဆုံကြရပါစေအွဲရေ???.." ဆိုကာ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ မွေးနေ့အကြို ဆုတောင်းစကားဆိုထားတာ ဖြစ်ပါတယ်..။

သူမတို့နှစ်ယောက်စလုံးရဲ့ ပို့စ်တွေအောက်မှာတော့ ပရိသတ်တွေကလည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံအတွက် ဆုတောင်းစကားတွေနဲ့ မှတ်ချက်ပေး ရေးသားထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Aye Thida's Fb Acc
Photo Credit - Aye Thida's Fb Acc
Photo Credit - Ei Tone's Fb Acc 
Photo Credit - Ei Tone's Fb Acc 

သတင်း အရင်းအမြစ်Ei Tone's Fb Acc & Aye Thida's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T